Psychopath(Killer)

181 25 6
                                    

" အသက် ကို ချမ်းသာပေးပါ "

" တောင်းပန်ပါတယ်.... ကျွန်တော့ကို...မသတ်ပါနဲ့ "

တုန်ရီကြောက်လန့်စွာထွက်ပေါ်နေသော အသံသည် စာနာသနားတတ်သူတိုင်းအတွက်သနားချင်စဖွယ်ပင်။

ဒူးထောက်ကာ လက်အုပ်ချီလျက် သူ့အားရိုရိုကျိုးကျိုးတောင်းပန်နေပုံက မသိရင်အပြစ်လုပ်ထားသလားတောင်ထင်မှတ်ရသည်။

" တောင်းပန်တယ်? ဘာအတွက်လဲ "

အေးစက်တည်ငြိမ်စွာ။ ဖမ်းချုပ်ခံထားရသူအတွက်တော့ ချောက်ချားဖွယ်ရာ အသံသည် အလုံပိတ်ထားသောအခန်းကျယ်အတွင်း ခပ်ပြတ်ပြတ်ထွက်လာသည်။

" တောင်းပန်ပါတယ် ကျွန်တော့ကိုမသတ်ပါနဲ့ ၊ ခိုင်းတာအကုန်လုပ်ပေးပါ့မယ့် အသက်ကိုတော့ ချမ်းသာပေးပါ "

" အဟွန်း....ဘယ်လိုလုပ်မလဲ ငါ့မှာခိုင်းစရာမရှိဘူး "

နှုတ်ခမ်းတစ်ဖက် အပေါ်သို့ကော့ညွှတ်သွားပုံက ရူးလောက်ဖွယ်ရာ။ ထူထဲသောမျက်ခုံး ၊ နှာတံချွန်ချွန် ၊ မျက်ဝန်းဝိုင်းတွေ ခပ်ထူထူနှုတ်ခမ်းပါး ထို့နောက် တိရိသေသပ်လှသော မေးရိုထင်းထင်းနှင့်ပေါင်းစပ်သောအခါ ဤလူဟာ တော်ရုံချောတာမျိုးတောင်မဟုတ်။ လူသတ်သမားပါဟု သူကိုယ်တိုင်ထုတ်ပြောလျှင်တောင် မည်သူမှယုံနိုင်မည်မဟုတ်တဲ့ချောမောမှုတွေအထင်းသား။

မျက်နှာထက်မည်သည့်အမူအရာမှမရှိသော်လည်း စကားပြောသည့်အခါလှုပ်ခတ်သွားသည့်နှုတ်ခမ်း ၊ ပင့်ထားသွားသည့်မျက်ခုံးတစ်ဖက်ကပင် အရိုးထဲစိမ့်ဝင်သည်ထိ ကြောက်မက်ဖွယ်ရာ ခံစားချက်ကိုပေးစွမ်းနိုင်သည်။

" ရွေးချယ်စရာ တစ်ခုပေးမယ် "

" ဟုတ် ဟုတ်ကဲ့ "

" ဟိုးကဓာတ်ပုံတွေကိုတွေ့လား ၊ သူတို့ထဲကတစ်ယောက်ကိုသိရင်..... မင်းကိုမနာကျင်ရအောင် သတ်ပေးမယ် "

နံရံတွင် ကပ်ထားသော ဓာတ်ပုံများကိုလက်ညှိုးထိုးပြကာ အေးစက်စက်ပြောသောစကား။

နံရံတွင် ပုံအရေအတွက် လေးဆယ်နီးပါးရှိနေပေမယ့် လူအရေအတွက်က13ယောက်မျှသာ။ ပစ်မှတ်ထားသည့်အခါတစ်ပုံ ၊ မသတ်ခါနီးတစ်ပုံ နှင့် သတ်ပြီးအမှတ်အသားရေထိုးထားသောအခါ တစ်ပုံ လူတစ်ယောက်အတွက် စုစုပေါင်းပုံသုံးပုံရှိနေလေသည်။

You've reached the end of published parts.

⏰ Last updated: Jun 01 ⏰

Add this story to your Library to get notified about new parts!

PSYCHOPATH(Killer )Where stories live. Discover now