[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။

2K 378 5
                                    

Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၅)။

ဘာလို့ယန်းချီစစ်ရုတ်တရက်ထွ​က်သွားမှန်းလင်ခုံးလုနားမလည်ပေမဲ့ကံကောင်းချင်တော့သူ့ပန်းတိုင်ကိုဒီနေ့အောင်မြင်သွားခဲ့သည်။ သူတို့မနက်ဖြန်ဓားရေးအတူလေ့ကျင့်တဲ့အခါကျရင် နည်းဗျူဟာခင်းဖို့အခွင့်အရေးအများကြီးရှိလာမှာမို့အလျင်လိုစရာမလိုပေ။

ဒါကိုတွေးမိတော့သူကြက်ရိုးများကိုသိမ်းကာရေတံခွန်ဆီသွားပြီးသူ့လက်တစ်စုံနှင့်မျက်နှာကိုဆေးလိုက်ပြီးမှယောင့်ဖုန်းကိုပြန်သွားလိုက်သည်။

အခြားတစ်ဖက်တွင်ယန်းချီစစ်မှာတော့ကျန့်ဖုန်းအဆောင်ကိုသွားရာလမ်းတစ်လျှောက်လုံးကျမ်းစာတိတ်တိတ်လေးရွတ်သွားခဲ့ပြီး တစ်ဖန်တင်ပျဥ်ခွေကာဖော်ပြမရသောအပူလှိုင်းကိုဖိနှိပ်ရန်စိတ်ကျင့်စဥ်ကိုကျင့်ကြံလိုက်သည်။

သူမျက်စိတစ်ဖန်ပြန်ဖွင့်လိုက်ချိန်မှာ မျက်မှောင်ကြုတ်လိုက်မိပြီးတစ်ခုခုမှားနေပြီဟုခံစားလိုက်ရသည်။

ခုနကအခြေအနေကိုပြန်ကြည့်ရင်သူအစကစိတ်မရှည်ဖြစ်နေတာလို့ပြောလို့ရပေမဲ့နောက်တော့အပူလှိုင်း....

သူမျက်ခုံးများကိုဖျစ်ညှစ်လိုက်မိပြီးရုတ်ခြည်းထရပ်ကာယောင်းဖုန်ကိုသွားလိုက်သည်။

ကျင့်ကြံသူများမှာသူတို့၏ခန္ဓာကိုယ်နှင့်စိတ်ကိုကျင့်ကြံကြပြီး သူတို့အကုန်လုံးမှာဆေးနည်းတချို့အနည်းနှင့်အများသိကြပေမဲ့ဘယ်သူကမှသေချာထိုင်ပြီးထိုဆေးနည်းကိုလေ့လာလိမ့်မည်မဟုတ်။

ယန်းချီစစ်မှာလည်းနားမလည်သဖြင့်​ယောင်းဖုန်၏ဆေးလုံးဖော်စပ်သူကိုမေးရုံသာတတ်နိုင်သည်။

ထိုက်ရွှမ်ဂိုဏ်းကားကြီးမားသောကျင့်ကြံရေးဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ဂိုဏ်းထဲကဂိုဏ်းသားအများစုမှာဓားရေးကျင့်ကြံသူများဖြစ်ကြသော်လည်း ဆေးလုံးဖော်စပ်သူတချို့ရှိသေးသည်။ သို့သော်လည်းထိုလူများမှာဆေးပင်စုဆောင်းရန်ဟိုဟိုဒီဒီခရီးထွက်ခြင်းဖြင့်အလုပ်များနေတတ်ကြပြီး တောင်ထွတ်မှာအလကားထိုင်မနေကြပေ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now