6

37 5 0
                                    

Warning: As I said, this fiction contains kinda mature rated such as suicidal, abuse and crimes cases. Read at your own risk!

UNICODE

သူတို့ သုံးယောက်လုံး အခန်း၃၀၅တွင် ရှိနေကြသည်။ ရန်ကျွင်က အခန်းထဲ ဝင်ဝင်လာချင်း ရေတစ်ခွက် အမြန် သောက်ပြီးနောက် ခုံပေါ်တွင် ဖြူဖျော့စွာ ထိုင်နေသည်။

"စီနီယာမင်က အဲ့ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ လူလို့ မထင်ခဲ့မိဘူး"

ရန်ကျွင်မှာ အခုထိ အသက်ရှုသံ မြန်နေဆဲဖြစ်သည်။

သုံးယောက်သား မနက်စာ စားပြီးနောက် လီဂျဲနိုက ရုံးချိန်း မစခင် တရားရုံးသို့ အမှီရောက်အောင် ပို့ပေးခဲ့သည်။ စီနီယာမင် သို့မဟုတ် တောင်ကိုးရီးယား နိုင်ငံ အမှုစစ်ချုပ်၏ တစ်ဦးတည်းသော သမီး၊ နီယွန်ကောလိပ်၏ ဒုတိယနှစ် ကျောင်းသူ မင်ဂျောင်ဝမ်၏ အမှု ရုံးချိန်းဖြစ်သည်။

မင်ဂျောင်ဝမ်က သတ်သေရန် ကြိုးစားနေချိန်တွင် မူးဃစ်ဆေး သုံးစွဲခဲ့ကြောင်း ဆေးစစ်ချက် ရရှိခဲ့သည်။ ထို့နောက် သူမ၏ အိုမီဂါ ဖယ်ရိုမုန်းများ ထွက်သော လည်ပင်းမှ ဂလင်းမှာလည်း တစ်ခြားအိုမီဂါ တစ်ယောက်ရဲ့ ဂလင်းကို အစားထိုးထားခြင်း ဖြစ်သည်ဟု တွေ့ရှိခဲ့သည်။ သူမ အစားထိုး ထားသော ဂလင်း၏ ပိုင်ရှင်မှာ လွန်ခဲ့တဲ့ တစ်လခန့်က မတော်တဆမှုနဲ့ သေဆုံးခဲ့သော သူမ၏ ညီမဝမ်းကွဲ ဖြစ်နေခဲ့သည်။ အဆိုးဆုံး အချက်က ထိုညီမဝမ်းကွဲ သေဆုံးမှုမှာ မတော်တဆ မဟုတ်ဟု ခိုင်လုံသော သက်သေများစွာ ထွက်လာခြင်း ဖြစ်သည်။ သူမ၏ ပထမဆုံး ရုံးချိန်းမှာပင် စွပ်စွဲချက် အမျိုးမျိုးဖြင့် ဖြတ်ရိုက် ခံလိုက်ရသည်။

အဆိုပါ ရုံးချိန်းရဲ့ အမည်ကို 'မင်ဂျောင်ဝမ် အပိုင်းတစ်-ဇာတ်သိမ်း' ဟုပင် ပေးသင့်သည်။ အမှုစစ်ချုပ် လူအိုကြီးမှာ နာရီပိုင်း အတွင်းတွင် ဆယ်နှစ်စာခန့် အိုစာ သွားခဲ့သည်။

မင်ဂျောင်ဝမ်က ရန်ကျွင်နဲ့လည်း မစိမ်းတဲ့သူ ဖြစ်ပြီး ရန်ကျွင် အထက်တန်း စီနီယာနှစ် တက်စဥ်က နှစ်လခန့် ဂိုက်ဆရာမ အဖြစ် စာသင်ပေးခဲ့ဖူးသည်။ ကိုယ်နဲ့ ရင်းနှီးတဲ့သူ တစ်ယောက်က လုံးဝ ပြောင်းလဲသွားတာ မြင်ရခြင်းက ရန်ကျွင်ကို လက်ခံရန် ခက်ခဲစေသည်။

Lure of the Night || Norenmin ||Where stories live. Discover now