Part - 6

927 52 6
                                    

[ ᴡᴀʀɴɪɴɢ : sex scene များပါဝင်တာကြောင့် ဖတ်လေ့မရှိသူများ ကျော်သွားနိုင်ပါတယ်။ ဖတ်ပြီးတဲ့အခါမှာလည်း ss ရိုက်ယူပြီး မည်သည့် social media မှာမှပြန်မတင်ကြဖို့ အသိပေးချင်ပါတယ်။ ]

>> Unicode <<
~~~~~~~~~~~~

" တကယ်ပဲ နေသန်က အပယ်ခံထားရတာဆိုရင် ငါတို့အတွက်အဆင်မပြေနိုင်ဘူး လင်းရိပ် "

ဖခင်ဖြစ်သူ ဦးမင်းဝေကပြောတော့ လင်းရိပ်ခေါင်းသာညိတ်လိုက်သည်။ ဩဂတ်စ်ရဲ့ဖခင် ဦးနေသန်‌မင်း‌လွင်အကြောင်း အစတည်းက စုံစမ်းထားပါလျက် ဦးမင်းဝေက ယုံမှမယုံကြည်ဘဲ။ အခုတော့ ဦးနေသန်ရဲ့သားကိုကပ်ပြီး သူလျှိုထည့်တဲ့ သူ၏အစီစဉ်က လမ်းစပျောက်တော့မလိုလိုပင်။

" သူ့သားတွေရဲ့အလုပ်တွေကိုရော သိရလား "

ဦးမင်းဝေမေးတော့ လင်းရိပ် စဉ်းစားဟန်ဖြင့် ‌ပြန်ဖြေသည်။

" ကျွန်တော်တို့ကြားထားသလိုပဲလေ၊ အလုပ်တွေထိတော့ လိုက်မကြည့်နိုင်သေးဘူး "

" အငယ်ကောင်ကအရေးမကြီးဘူး၊ ဩဂတ်စ်ဧဿန်ရဲ့စက်ရုံကို လိုက်ကြည့်ရမယ် "

ဩဂတ်စ်မှာ သူ့ဖခင်ရဲ့မိတ်ဆွေများနှင့်အတူ ရှယ်ယာပါသောစက်ရုံတွေရှိကြောင်း သူကြားထား၏။ အတိကျဆိုလျှင် ဒါတွေကလည်း သူ၏ဖခင် ဦးမင်းဝေဆီကတစ်ဆင့်သာ ပြန်သိရခြင်းဖြစ်သည်။

" မင်းရော.. ဩဂတ်စ်နဲ့ အဆင်ပြေလား "

ဦးမင်းဝေကမေး၏။ အဆင်ပြေဖြစ်စေ၊ မပြေသည်ဖြစ်စေ ကိုယ့်ဘဝကိုယ်‌ကြည့်နေရမှာကို လင်းရိပ် သိပြီးသား။ အခုလိုမေးဖော်ရတာကိုပဲ ကျေးဇူးတင်ရမည်။

" အခုထိတော့ ပြေတယ်ပဲဆိုပါ‌တော့၊ ဦးနေသန်က အဖေထင်ထားသလိုမှမဟုတ်ဘဲ၊ အဆုံးသတ်လိုက်လို့မရဘူးလား "

" ငါပြောတဲ့အတိုင်းလုပ်ပြီး ခဏလောက်သည်းခံနေဦး၊ ဩဂတ်စ်ကို ရအောင်ပေါင်းထား "

ဦးမင်းဝေကိုတားမရနိုင်တာ သိနေတာမို့ လင်းရိပ်လည်းထပ်မပြောတော့။ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးနေသန်ကို သိပ်အထင်ကြီးပြီး လုပ်ကွက်တွေရှိမယ်ဟု ယုံကြည်ထား၏။ ထို့ကြောင့်ပင် သူ၏အကြံစည်က အမွေရမည့် ဦးနေသန်၏သားနှစ်ယောက်ထဲက တစ်ယောက်နှင့် လင်းရိပ်ကိုနေရာချပေးဖို့သာဖြစ်သည်။ ဦးမင်းဝေရေးဆွဲခဲ့တဲ့ဇာတ်လမ်းထဲမှာ သံသာလင်းရိပ်ဟာ ဤသို့ကြိုးဆွဲရာကခဲ့ရသည်။

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭Where stories live. Discover now