၈၈၈။ နန်းတွင်းညစာစားပွဲ(၇)

215 20 0
                                    

၈၈၈။ နန်းတွင်းညစာစားပွဲ(၇)

နာကျင်မှုက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ ပျံ့နှံ့သွားသည်။ ကြောက်ရွံ့ခြင်းက သူ့ကို လွှမ်းမိုးသွားသည်။

ဆေးဝါး၏ သက်ရောက်မှု သက်တမ်းက ကျန်ရှိသေးသည်။ ဘာ့ကြောင့် အခု ဒီလို ဖြစ်ရသနည်း။

မြေပြင်ပေါ်တွင် ထွန့်ထွန့်လူးလျက် အဆက်မပြတ် အော်ဟစ်ညည်းတွားနေသော လေ့ဖန်ကို ဂျန်ဝုရှီက အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက လမင်း၏ အေးစက်စက်အလင်းဖြင့် ရောင်ပြန်ဟပ်နေသည်။

ရုတ်တရက် သွယ်လျသော ပုံရိပ်က လရောင်အောက်သို့ ထွက်လာပြီး နန်းတွင်းဥယျာဉ်သို့ ဝင်ရောက်လာသည်။ စတုတ္ထမင်းသားလေး ဘာဖြစ်နေတာလဲ၊ အစောင့်တွေ... လာကြစမ်း... စတုတ္ထမင်းသားလေးကို ချက်ချင်း ကုသပေးဖို့ နန်းဆောင်ထဲ ပြန်ပို့လိုက်ကြစမ်း....

ဂျန်ဝုရှီက အသံကြားလိုက်ချိန်မှာ ခေါင်းမော့၍ ကြည့်လိုက်လျှင် ငွေရောင်ဆံရှင် ယောက်ျားတစ်ယောက်ကို ရုတ်တရက် တွေ့မြင်လိုက်သည်။ သူကား အစောပိုင်း ညစာစားပွဲခန်းမ၏ အပြင်ဘက်တွင် သူမ‌ တွေ့ခဲ့သော လူတစ်ယောက် ဖြစ်သည်။ သူက သူမနှင့် ခြေလှမ်း သိပ်မဝေးပေ။ သူ ရောက်ရှိလာတာကို သူမ သတိမပြုမိသဖြင့် သူမ အံ့ဩသွားရသည်။

ငွေရောင်ဆံရှင်က သူမကို ပြုံး၍ ခေါင်းညိတ်ပြသည်။ နန်းတွင်းဥယျာဉ်အပြင်ဘက်ရှိ အစောင့်များက ထိုလူ၏ အော်ငေါက်သံကို ကြားရလျှင် အပြေးအလွှား ရောက်ရှိလာကြသည်။ သူတို့က မြေပြင်ပေါ်တွင် မျက်နှာကို အုပ်ထားပြီး ဆက်တိုက် အော်ဟစ်ညည်းတွားနေဆဲ ဖြစ်သော လေ့ဖန်ကို မျက်လုံးပြူးလျက် ကြည့်နေကြသည်။ ထိုအခိုက်မှာ သူတို့ ဘာလုပ်ရမည်မှန်း မဆုံးဖြတ်နိုင်ကြချေ။

သခင်ကြီး မဟာအကြံပေး... အရှင့်သား ဘာဖြစ်သွားတာပါလဲ အစောင့်တစ်ယောက်က ကြောက်ရွံ့ထိတ်လန့်လျက် မေးသည်။

မဟာအကြံပေးက တည်ငြိမ်စွာ ပြောလိုက်သည် ဆောင်းတွင်းက အေးစိမ့်နေတယ်၊ သူ နာမကျန်းဖြစ်ပြီး လဲကျသွားတာ ဖြစ်ရမယ်၊ မြန်မြန် သူ့ကို သယ်ပြီး ဖိဖုရားကြီးရဲ့ နန်းဆောင်ကို ပို့လိုက်၊ သူ့ကို ကုဖို့ မိဖုရားကြီး နန်းတွင်းသမားတော်တွေကို ဆင့်ခေါ်လိမ့်မယ်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora