Harutoရဲ့လက်သွက်မှုကြောင့်သူတို့နှစ်ယောက်တွဲဖြစ်ခဲ့ပြီး ချယ်ရီပင်ကြီးအောက်မှာပင်မကြာခဏတွေ့ဆုံလေ့ရှိကြသည်" ကိုကို "
Jeongwoo ချယ်ရီပင်ကြီးနားရောက်လာတော့ Haruto ကအရင်နေ့တွေနဲ့မတူပဲကြိုရောက်နေတာကိုတွေ့လိုက်ရပြီး လက်မှာလဲကားသော့တစ်ချောင်းကိုလှည့်နေလေတယ်၊ Harutoက Jeongwoo ကိုလဲမြင်ရောအမြန်နှုန်းနဲ့ပြေးလာလိုက်ကာနွေးထွေးလှတဲ့ကိုယ်လုံးလေးကိုအားရပါးရဖက်ပစ်လိုက်တယ်
" ကိုလွမ်းနေတာ "
" နေ့တိုင်းတွေ့နေတာပဲလေဗျာ "
" ကိုကတစ်စက္ကန့်လေးတောင် ခလေးနဲ့မခွဲနိုင်ပါဘူးနော် "
" လူကြီးကပိုကိုပိုလွန်းတယ် "
Jeongwooကသူ့ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားတဲ့ Haruto ရဲ့ရင်ဘက်လေးကိုမနာအောင်ထုရင်းပြောတော့ Harutoကရယ်သည်
" ကို ခလေးအနားမှာလုံးဝမခွာပဲတစ်သက်လုံးအတူရှိနေချင်တာ "
" ကျွန်တော်လဲတူတူပါပဲ "
Harutoက Jeongwooကိုတင်းနေအောင်ဖက်ပြီးမှ လွှတ်ပေးလိုက်ကာ
" ကိုနဲ့တစ်နေရာလိုက်ခဲ့ "
" ဟင်ဘယ်ကိုလဲ.. "
Harutoက Jeongwooလက်ကိုဘေးမှာရပ်ထားတဲ့ကားဆီဆွဲခေါ်သွားလိုက်တယ်၊ Jeongwooလဲကြောင်တောင်တောင်လေးပင် Harutoနောက်ပါသွားခဲ့တယ်
" ဟိုရောက်ရင်သိမှာပါ.. "
Haruto, Jeongwooကို Lover seatမှာထိုင်ခိုင်းလိုက်ပြီး Harutoကတော့ Driver seatမှာထိုင်ကာ စက်နှိုးလိုက်ပြီးကားလေးကတော့လမ်းမထက်မှာစတင်ရွေ့လျားသွားတော့သည်
****************
မိနစ်အနည်းငယ်ကြာတဲ့အထိမောင်းလာရင်း Harutoကအိမ်တစ်အိမ်အရှေ့မှာရပ်လိုက်တယ်၊ တစ်ဖက်ကိုလှည့်ကြည့်တော့ဘေးမှာအိပ်မောကျနေတဲ့Jeongwooရဲ့မျက်နှာလေးကို Harutoတစ်ယောက်ရီဝေစွာကြည့်နေမိသည်
ထို့နောက်Haruto, Jeongwooရဲ့လက်ဖဝါးလေးကိုအသာအယာကိုင်ပြီးလှုပ်နှိုးလိုက်သည်
" ခလေးလေးထတော့ ကိုတို့ရောက်ပြီ "
" ဟင်..ရောက်ပြီလား "
Jeongwooတစ်ယောက်အိပ်ချင်မူးတူးအသံလေးနဲ့ Harutoကိုပြောလိုက်တော့ Harutoတစ်ယောက်အသည်းယားကာ ဆိုင်သူလေးရဲ့ပါးလေးကိုနှာခေါင်းမြုပ်အောင်နမ်းလိုက်တော့သူလေးက
ပြုံးပြုံးလေးငြိမ်ခံသည်" အင်း ကိုတို့ရောက်ပြီ "
သူတို့နှစ်ယောက်ကားပေါ်ကဆင်းပြီးခြံကျယ်ကြီးထဲဝင်သွားလိုက်တော့
Jeongwooမျက်လုံးထဲမှာမြင်သမျှအရာတိုင်းကိုအံ့ဩစွာလျှောက်ကြည့်နေမိသည် ထို့နောက် Harutoအနားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်
" ကိုကို ဒါဘယ်သူ့အိမ်လဲဟင် "
" ကိုကို့ မိဘတွေရဲ့အိမ် ခလေးလေးကိုမိတ်ဆက်ပေးချင်လို့ "
Harutoကပြုံးရင်းပြောလိုက်ပေမယ့် Jeongwooကတော့ စိုးရိမ်နေသည့်ပုံစံပေါက်သည်၊ Harutoစိုးရိမ်နေတဲ့သူ့ကောင်လေးကိုကြည့်ပြီးလက်ကိုဖွဖွ ညှစ်ကာစိတ်မပူရန်ပြုံး၍ခေါင်းတစ်ချက်ငြိမ့်ပြသည်
" အဆင်ပြေပါ့မလားဟင် "
"......."
HarutoကJeongwooလက်ကိုဆုပ်ကိုင်လိုက်သည်၊တကယ်တော့သူလည်းစိတ်လှုပ်ရှားနေခဲ့တာဖြစ်သည်၊ သူတို့နှစ်ယောက် တစ်ယောက်လက်ကိုတစ်ယောက်တင်းကြပ်စွာဆုပ်ကိုင်ရင်း အိမ်ကြီးထဲဝင်သွားလိုက်ကြတော့သည်
________________
မကြာမကြာUp ပေးပါမယ်နော်💜ကြယ်ကလေးအတွက်ကျေးဇူးတင်ပါတယ်🫶💜