ရွာလွတ်ကိုရောက်လာပြိီးဖြစ်သောViraကတော့မြို့သူပီပီအသားမကျပေ
"သားဝါဖြူ..လမင်းကိုရွာပတ်ပြလိုက်ပါဦး"
သိမ့်ဇေဝါဖြူဟူသောviraရဲ့တစ်ဦးတည်းသောဝမ်းကွဲအစ်ကို....ယောကျာ်းလေးဟုပြောရင်တောင်ယုံနိုင်စရာမရှိပေ....အသားအရည်ကဖြူစွတ်နေတာထိမိရင်တောင်တစ်ခုခုဖြစ်မှာဆိုးရိမ်ရလောက်သည့်အထိဝါဂွမ်းလေးလိုနူညံ့လှသည်...အရပ်ကလည်း5"7လောက်ရှိသည်viraအရပ်နှစ်ယှဉ်လျှင်viraက5"2လောက်ပဲရှိသည်မို့viraကပုသလိုပင်ခံစားလိုက်ရသည်
"မာမီဒါကဘယ်သူလဲ?"
"ငါ့ညီမရဲ့သားနင့်ရဲ့တစ်ဝမ်းကွဲအစ်ကိုဟေး..."
"နုဖတ်နေလိုက်တာများ..သမီးတောင်အိုသွားသလိုခံစားလိုက်ရတယ်"
''နင့်သူငယ်ချင်းတွေကိုခေါ်လာပြီးတော့သူတို့ကိုနေပူထဲထားထားမနေနဲ့မည်းတူးကုန်ဦးမယ်"
"ငါ့ခွန်းလေးနေပူလောင်တော့မယ်..ပြီးတော့ငါတို့မှာလုပ်စရာရှိသေးတယ်..မြန်မြန်ငါတို့နေရမည့်နေရာရှာပေး"
"သိတယ်..သိနေတယ်..မာမီရေဘာပဲလုပ်လုပ်မပျက်နိုင်းမပြိုနိုင်မကျိုးနိုင်တဲ့အိမ်နဲ့အဲ့အိမ်မှာဒဏ်ပေါင်းစုံခံနိုင်တဲ့ကုတင်ပါထားပေးထား"
"အေး...အေးပါ..လူငယ်တွေဆိုတော့တက်ကြွနေရောပေါ့"
ဝါဖြူကတော့viraရဲ့သူငယ်ချင်းလိင်တူစုံတွဲကိုတကြည့်ကြည့်သာလုပ်နေတော့သည်...မြို့မှာနေသည့်သူတွေအတွက်ဒါမျိုးကတော့ပုံမှန်ပါပဲရွာမှာနေတဲ့သူတွေကြတော့ရှေးရိုးလေးတွေစွဲရင်စွဲတတ်ကြသည်မို့သူတို့အတွက်ထူးဆန်းပေသည်
တည်တံ့နဲ့ခွန်းစက်တို့အတွက်သီးသန့်အိမ်ကိုငှားပေးရသည်..အငှားသက်တမ်းကတစ်လ
ညီအစ်မနှစ်ယောက်နှင့်viraတို့ကတစ်အိမ်...viraရဲ့မာမီကတော့ဗီရာရဲ့အဘိုးအဘွားအိမ်မှာသာနေ၏
"ဟန်နီသွင်ဘာလုပ်နေတာလဲ"
ညီအစ်မနှစ်ယောက်အနက်အကြီးဖြစ်သူအားဗီရာမေးလိုက်သည်
"မွန်စာလေ့လာနေတာ"
ဟန်နီကမွန်ပါဠိစာအုပ်တစ်အုပ်နှင့်မါန်မှမြန်မြာသို့ဘာသာပြန်ထားသည့်စာအုပ်များအားကိုင်ရင်းနှင့်ပြောလေသည်