TW : A little piece of rude and adult words contain in this Riba(Switch) chapter!!病
(Yamai)-
-
-"မရဘူးနော် နိုး နိုး နိုး! ကင်မ်ရစ်ခီ! ငါ ဒါကြီးကတော့ လုံးဝလက်ခံမပေးနိုင်ဘူး"
"ဟာ ဂယူဗင်းကလည်း...."
သံရှည်ဆွဲလို့ သူ့ကိုခေါ်ပြီး ရင်ခွင်ထဲ တိုးဝင်၍မွှေနှောက်ကလိနေပါသော အဖြူလုံးချစ်သူလေးအား ဂယူဗင်းက မျက်မှောင်ကြုပ်ကြည့်လိုက်မိ၏။ ဘယ်လိုပဲ သူက ရှန်ချွမ်းရွေ့လေးကို အလိုလိုက်ပါတယ်ဆိုဦးတော့ ဒါကတော့ မဖြစ်သင့်ဘူးလေ!
ဂယူဗင်းဟာ ရင်ခွင်ထဲက ရှန်ချွမ်းရွေ့လေးကို ဆွဲထုတ်လိုက်ပြီး ဘေးနားရှိ ဖန်ဇလုံထဲက စတော်ဘယ်ရီသီးတစ်လုံးကို ခံွ့ကျွေးလို်ကတယ်။ မဟုတ်က၊ဟုတ်ကတွေ တောင်းဆိုနေတဲ့ ပါးစပ်ပေါက်လေးကို ပိတ်သွားအောင်...
"ဟွန့်"
"ဘာလဲကွာ အဲ့မချိုမချဥ်မျက်နှာထားလေးက"
"ဂယူဗင်းက ငါ့ကိုမချစ်တော့ပါဘူး ငါက ပိစိလေးပဲ တောင်းဆိုမိတာကို... မင်းက မတတ်နိုင်တာလည်း မဟုတ်ဘဲနဲ့ ဟွန်း"
"မဟုတ်သေးပါဘူး ဂျစ်တူးရာ။ မင်းကို အဲ့အတွေးတွေ ဘယ်သူက ထည့်ပေးလိုက်တာလဲ ငါတကယ်သိချင်နေပြီ။ ပြော! အဲ့လိုမတော်မရော်အတွေးတွေကို ဘယ်သူက ဖောက်သည်ချလိုက်တာလဲ"
ရှန်ချွမ်းရွေ့လေးသည် မျက်လုံးဝိုင်းလေးများနဲ့ သူ့ရင်ခွင်ထဲ တဖန်ပြန်မှီချရင်း အောက်ကနေ မော့ကြည့်ပြီး လည်ဇလုတ်ကို တရွှတ်ရွှတ်လာနမ်းနေတယ်။ သူမေးတာကိုတော့ တမင်တကာ မသိချင်ယောင်ဆောင်နေတဲ့ပုံ!
YOU ARE READING
To All the boys Ricky've loved before
Fanfictionℛ𝒾𝒸𝓀𝓎 × all OTPs about him woongri, gyuricky, yuriz, jeongri, geonri, etc. ➤ 𝘀𝗺𝘂𝘁, 𝗳𝗹𝘂𝗳𝗳, 𝗮𝗻𝗴𝘀𝘁 ➤ 𝗿𝗮𝗿𝗲 𝘀𝗮𝗱 𝗲𝗻𝗱𝗶𝗻𝗴 ➤ 𝗼𝗻𝗲 𝘀𝗵𝗼𝘁𝘀 ➤ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘