*9*

1.9K 76 14
                                    


Unicode .....

"ခဏ ......."

ရှေ့ဆက်ရန်ပြင်နေသော ခြေလှမ်းသည် ဦး၏ ဟန့်တားသံကြောင့် ရပ်တန့်လို့သွားခဲ့သည်။နောက်လှည့်ကာ ကြည့်လိုက်တော့ နှုတ်ခမ်းပေါ်လက်ညှိုးတင်ကာ  တိတ်တိတ်ဆိတ်ဆိတ်နေရန် အချက်ပြလာသည်မို့‌ ဂျောင်ဂုမှာ ကြောက်ရုပ်အလား ရှေ့ဆက်မသွားရဲဘဲ အတောင့်လိုက်ကြီး ရပ်နေမိခဲ့သည်။ 

"ခြေသံကို ဖော့နှင်းပြီး ဖြေးဖြေးဆီ ကိုယ့်ဆီလာခဲ့......."

ဦးအပြောကို ခေါင်းအသွင်သွင်ငြိမ့်ပြပြီး ဦးပြောသည့်အတိုင်း ခြေသံကို ဖော့နှင်းကာ ဦးနားသို့အရောက်လာခဲ့လိုက်သည်။ဦးသည် သူ့ကိုသစ်ပင်အကွယ်တစ်နေရာသို့ ခေါ်ဆောင်ပြီး ဓားကို ထုတ်ကာ ဓားအိမ်သို့ သူ့လက်ထဲသို့ ထည့်ပေးလာသည်။

ထို့နောက် ဦးသည် အိတ်ထဲရှိ ဆေးရည်ပုလင်းကို ထုတ်ကာ သောက်လိုက်သည်။ ဘာဆေးရည်မှန်းတော့မသိ။ ထိုဆေးရည်သောက်သောက်ခြင်းမှာပင် ဦး၏မျက်လုံးတစ်ခုလုံး အနက်ရောင်ပြောင်းသွားပြီး မျက်နှာတစ်ပြင်လုံး အနက်ရောက် အဆင်းကြောင်းများ ပေါ်ထွန်းလာခဲ့သည်။

ဦးရဲ့ယခုပုံစံကို မြင်တွေ့နေကြမဟုတ်သည့်အတွက် အနည်းငယ်တော့ ကြောက်ရွံ့မိသည်။ဦးသည် သူ့ကိုအကြည့်တစ်ချက်သာပို့ပြီး  ထွက်သွားခဲ့သည်။ထို့နောက် တစ်ချွင်ချွင်အသံ ကြားရသည်မို့ သစ်ပင်အကွယ်ကနေ ကြည့်လိုက်တော့ ရုပ်ဆိုးအကျည်းတန်ပြီး ဘာအကောင်မှန်းဖော်ထုတ်၍မရသော အကောင်နှင့် တိုက်ခိုက်နေသော ဦး ။ထိုအကောင်ရဲ့ ပါးစပ်တွင်လည်း အဝါရောင်အရည်များက တစ်လစက်ပါ စီးကျနေသေးသည်။

ကြည့်ရသာ အဆိပ်ရည် ဖြစ်ဖို့များသည်။ထိုအရည်သာ လူပေါ်ကျရင် မတွေးရဲလောက်အောင်ပင်။ဦးသည်လည်း ထိုအရည်ကို သတိထားရှောင်တိမ်း‌ပြီး ထိုအကောင်နှင့်တိုက်ခိုက်နေသည်။ဂျောင်ဂုမှာသာ ကြည့်ရင်းနှင့် ထိုအဆိပ်ရည်များ ဦးပေါ်မကျရောက်စေဖို့ ဘုရားမျိုးစုံ တနေရသည့်အဖြစ်။ထိုအကောင်ကြီး ဦး၏ဓားလက်ချက်အောက် ငြိမ်ကိသွားတော့မှသာ သူ့မှာ စိတ်အေးရသည့်အဖြစ်။

My Favourite Medicine (ရပ်နား)Where stories live. Discover now