25[Epilogue]

1.4K 77 20
                                    

Unicode

" ကိုယ် မင်းကို လန့်အောင် လုပ်လိုက်မိတာ
လား ချစ်သော...."
စကားသံသည် သူ၏ ကျောရိုးတလျှောက်
စိမ့်အေးသွားစေသည် ။

" ဂျီ..ဂျီမင်..."
သူ၏ အကြောက်တရားသည် တစ်ကိုယ်လုံး
ကို ဝါးမျိုသွားခဲ့ပြီး စကားလုံးများကို
သေချာ မရေရွတ်နိုင်တော့ပေ ။

ဂျီမင်က အမှောင်ထဲမှ သူရှိသည့်နေရာကို
တိုးလာသည့်အခါ တစ်ခုခုကို ဆွဲလာသည်။
သံဗန်တလင်းနှင့် စတီးလ်၏ ပွတ်တိုက်သံက
အခန်းထဲတွင် ကြက်သီးထဖွယ် ပဲ့တင်ရိုက်သည် ။

ဂျီမင်က ဂေါက်ရိုက်တံတစ်ချောင်းကို
တရွတ်ဆွဲလာခဲ့တာ ။ သူ ကြောက်လွန်း၍
ရပ်နေသည့်နေရာမှ မလှုပ်နိုင်ပေ ။ ခန္ဓာကိုယ်တစ်ခုလုံး အကြောများ သေသွားသည့်သဖွယ် တောင့်တင်းကာ မျက်လုံးများ
ဝိုင်းစက်လျက် ဂျီမင် ရှေ့တိုးလာသည်ကို
ကြည့်နေမိသည် ။

ဂျီမင်၏ ခြေလှမ်း တစ်လှမ်းတိုးလာတိုင်း
သူ၏အင်အားများကို အမှောင်ထုက
တစ်ရစ်ချင်း စားသုံးသွားသည့်သဖွယ်
အားနည်းလာခဲ့သည် ။ ​ဂျီမင်နှင့် နီးကပ်
သွားသည့်အခါ သူသည် ယိုင်နဲ့နေနှင့်ပြီ ။

" မကြောက်ပါနဲ့...ချစ်သောကိုတော့
ကိုယ် မသတ်ပစ်ပါဘူး...."

ကြောက်လန့်မှုကြောင့် အေးစက်နေသော
ပါးပြင်ကို လက်ချောင်းထိပ်များနှင့် ခပ်ဖွဖွ
ပွတ်ဆွဲရင်း အေးဆေးသော လေသံဖြင့်
ပြောလာသည် ။ သို့သော် စကားလုံးများ၏
တင်းမာမှုက သူ၏ ဝိညာဥ်အနက်ရှိုင်းဆုံးထိ
ခြောက်လှန့်ခဲ့သည် ။

"..ဒါပေမဲ့....သူကတော့..."

မှောင်လွန်း၍ပဲ သတိမထားခဲ့မိလေသလား၊
​တုန်လှုပ်နေ၍ပဲ မမြင်နိုင်မိခဲ့သလား မသိ။
ဂျီမင်က သူ့ဘေးမှ ဖြည်းညှင်းစွာ
ကျော်ဖြတ်သွားရာ ဂျီမင်၏ ဦးတည်ရာကို
သူ ဖြည်းညှင်းစွာ လှည့်ကြည့်မိသည် ။

အမှောင်ထဲတွင် ကျင့်သားရသွားပြီ ဖြစ်သော
မျက်လုံးများက ညစ်ထေးနေသော
ကြမ်းပြင်လဲလျောင်းနေသော ပုံရိပ်ကို
တွေ့သည် ။ သတိကပ်နေပုံမရသော ပုံရိပ်
သည် သူ့ထံချဥ်းကပ်လာသော အန္တရာယ်ကို
မသိခဲ့ပါ ။

Escape From The OblivionWhere stories live. Discover now