Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၆)။
ယန်းချီစစ်မှာ"အားစစ်"ဟုခေါ်သံကိုကြားလိုက်ရချိန် မျက်စိဖွင့်လာတော့သူ့မျက်လုံးများဗလာကျင်းသွားသည်။ သူ့မျက်လုံးများက"အိပ်ပျော်"နေသည့်လင်ခုံးလုမျက်နှာပေါ်ရောက်သွားကါ တစ်ဖက်လူ၏မသိမသာလှုပ်နေသည့်နှုတ်ခမ်းများကိုဖမ်းဆုပ်မိလိုက်သည်။
လတ်စသတ်တော့ထင်ယောင်ထင်မှားဖြစ်တာမဟုတ်ဘဲတစ်ယောက်ယောက်ကသူ့ကိုတကယ်ခေါ်နေတာပဲ။
ယန်းချီစစ်မှာသူဘယ်လိုခံစားလိုက်ရလဲရှင်းမပြတတ်ပေ။ လင်ခုံးလုတစ်ယောက်အိပ်မက်ထဲမှာသူ့ကိုဘာကြောင့်အမြတ်တနိုးခေါ်ရတာလဲဆိုတာကိုစဥ်းစားကြည့်ရန်အချိန်မရှိလိုက်ခင် သူပူလာပြန်ကာ သူ့မျက်လုံးများကသူ့"ခြေထောက်"များပေါ်မသိလိုက်မသိဘာသာရောက်သွားပြီးနောက် သူ့ခေါင်းထဲမှာတဝီဝီမြည်လာကာ လူတစ်ကိုယ်လုံးကျောက်တုံးပမာတောင့်တင်းသွားသည်။
လက်တွေ့မှာအိပ်မက်ထဲကလိုမျိုး သူဘယ်တုန်းကမှန်းမသိနဂါးအမြီးပြောင်းမိကာ....လင်ရှစ်ရှုန်း၏ခြေသလုံးကိုအရှက်မဲ့စွာရစ်ပတ်မိသွားသည်။
ယန်းချီစစ်မယုံကြည်နိုင်ဖြစ်သွားရကာနဂါးအမြီီးကိုပြန်ရုတ်ပြီးအသက်ရှုမြန်လာသည်။
ကံကောင်းချင်တော့ဒါကသူ့ကိုယ်ပိုင်ခြံဝန်းထဲမှာဖြစ်ပြီးတော့လင်ရှစ်ရှုန်းကအိပ်ပျော်နေပေလို့ပဲ၊ မဟုတ်ရင်ဒီအခိုက်အတန့်မှာသူ့သရုပ်မှန်ပေါ်သွားမှာ။
ဒါကိုတွေးမိတော့သူ့မျက်နှာရုပ်ဆိုးသွားရပုံမှာ သူ့ခေါင်းပေါ်ရေအေးတစ်ပုံးလောင်းချလိုက်သည့်အလား။
ဒါပေမဲ့ဒါကသူ့ကိုစိတ်မငြိမ်စေ။ ဆန့်ကျင်ဘက်အနေနှင့်သူဟာလင်ခုံးလုကိုစိတ်ရှုပ်မနေတော့သဖြင့် သူ့အလိုဆန္ဒမှာဆက်လက်လှိုက်တက်လာပြီး သူ့စိတ်မူးဝေလာသည်။ သူမနေနိုင်ဘဲလင်ခုံးလုကိုထပ်ကြည့်မိကာလိုချင်....မဟုတ်သေးဘူး၊ မတွေးနဲ့!
သူလျှာဖျားကိုပြင်းထန်စွာကိုက်ချကာသူ့ကိုယ်သူအကြည့်လွှဲဖို့တွန်းအားပေးလိုက်ပြီးနောက်ဒယိမ်းဒယိုင်ထရပ်ကာအိမ်ထဲခပ်သွက်သွက်ပြန်ဝင်သွားလိုက်သည်။
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
AcciónArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့