Part-19(Unicode)

570 56 19
                                    

"ဒီညမှာ ကျိန်စာသင့်သတို့သမီးရဲ့ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်မှာဖြစ်တဲ့အတွက် ရိပေါ်အနေနဲ့ ဘယ်လိုခံစားနေရပါသလဲ"

အသံချိုချိုလေးနှင့် MCရဲ့အမေးကြောင့် အစိမ်းရောင်ရှပ်ကလေးဝတ်ထားသည့်ရိပေါ်က ဖြေသင့်သည့်အဖြေတစ်ခုကို အနည်းငယ်စဉ်းစားပြီး မိုက်ကိုပါးစပ်နားကပ်လို့ဖြေသည်။

"စိတ်လှုပ်ရှားတယ်"

"ဒါက ကျွန်တော်တို့အားလုံးလည်းစိတ်လှုပ်ရှားနေပါတယ်။ ဒီဇာတ်လမ်းရဲ့အဆုံးသတ်ကဘယ်လိုဖြစ်လာမယ်လို့တွေးပြီး ရင်ခုန်ရတာလောက်မရှိဘူးလေ။ ဒီဇာတ်လမ်းပြီးသွားရင်ရော Fanကြားမှာ ဘယ်လိုပြောစမှတ်တွင်မယ်ထင်လဲ"

"အင်..ကျွန်တော်အထင်ပေါ့နော်။ Fan Theory‌တွေ အများကြီးထွက်လာလောက်တယ်"

ရိပေါ်၏အဖြေမှာ သရုပ်ဆောင်တွေနှင့် MCမှာ ခေါင်းတညိတ်ညိတ်ဖြစ်သွားရပြီး ရိပေါ်နှင့်တွဲဖက်သရုပ်ဆောင်ရသည့် မိန်းကလေးက လက်မကလေးထောင်ပြလို့ အသိအမှတ်ပြုသည်။

ဖုန်းscreenပေါ်မှာမြင်နေရသည့် ရိပေါ်မျက်နှာလေးကချောချောလေးပင်ဖြစ်သည်။  တစ်နေကုန်ဆိုင်တွေပတ်ကာ စားလိုက်သောက်လိုက်နှင့် အချိန်ဖြုန်းနေသည့် ရှောင်းကျန့်၏အခြေစိုက်ရာက ‌wi-fi ကောင်းကောင်းရသည့် စားသောက်ဆိုင်ဖြစ်သည်။ အစပိုင်း၌တော့ ဘဲဥငါးဆားနယ်ခေါက်ဆွဲစားဖို့စိတ်ကူးရှိပေမယ့် တစ်နေကုန်ဗိုက်ဖြည့်ထားသည်မို့ ယခုအချိန်မှာ ချောကလက်မစ်ရှိတ်တစ်ခွက်သာသောက်နိုင်တော့ပြီး လျှာဖျားထဲစိမ့်ဝင်သွားသည့်ချောကလက်အရသာနှင့် ရိပေါ်၏ချိုမြမြမျက်နှာလေး ပေါင်းစပ်သွားချိန် အရာအားလုံးဟာ နွေးထွေးသွားသလိုမျိုးပင်။

"ဒီဇာတ်လမ်းရိုက်နေတဲ့အတောအတွင်းမှာ ရိပေါ်အတွက် အမှတ်တရဖြစ်ခဲ့တာလေးတွေရှိမလား"

"အမ်..အမှတ်တရကတော့ ဇာတ်လမ်းအစကနေအဆုံးထိ အနီရောင်ဝတ်ရုံအရှည်ကြီးကိုပဲဝတ်ခဲ့ရတာပါ၊ အဲဒီဝတ်စုံကအရမ်းပူပြီး အောက်ကအစကရှည်တော့ မကြာခဏခလုတ်တိုက်တယ်"

ရိပေါ်က ဝတ်စုံအကြောင်းပြောပြနေချိန်၌ ဝတ်စုံ၏အခက်အခဲကိုသိလိုက်ရသည့် ရှောင်းကျန့် စိတ်မကောင်းဖြစ်သွားခဲ့ပြီး ဇာတ်ကောင်၏ဝတ်ရုံဖန်တီးမှုမှာ လိုအပ်ချက်များရှိသွားခဲ့သည့်အပေါ် ကိုယ့်ကိုယ်ကိုအားမလိုအားမရဖြစ်မိရသည်။

𝖬ɣ 𝖧౿ɑ𝗋𝗍 Ԝꪱᜒᥣᥣ 𝖦𝗈 ᝪ𐓣 (Complete)Where stories live. Discover now