"ကျွန်ုပ် ညီတော် အတွက် တောင်းပန်ပတယ် သူက ခွင့်တောင်းရမှန်း မသိသေးလို့ပါ"
အစ်ကိုတော်က ကျွန်တော့်အစား တောင်းပန်ပေးနေရသည်ကို မကြည့်ရက်ပါ။ သည်တော့ ကျွန်တော့် နေရာတွင်သာ ကျုံ့ကျုံ့လေး ထိုင်နေမိလိုက်သည်။
"သင့် ရဲ့ ညီတော်က သင်နဲ့ လုံးဝမတူဘူး၊ သင်ကြားရေးကိုလည်း အာရုံမစိုက်ဘူး၊ အခုလည်း ထပ်လုပ်ပြန်ပြီ"
မျက်လုံးနဲ့ မမြင်သော်လည်း သောတအာရုံကလည်း အလွန့်အလွန် ကောင်းနေသည်မို့ မကြားချင်ဟန်ဆောင်၍ လည်း မရ။ ကျွန်တော့် အတွက် မဟုတ်လျှင်တောင် အစ်ကိုတော် အတွက်ဖြစ်ဖြစ် အာရုံထားမှ ဖြစ်တော့မည်။
မင်းသမီးလေးက ကျွန်တော် ရှိသည့် နောက်ဆုံး အတန်းသို့ ရောက်လာသည်။ ကျွန်တော့်ထံ လာသည်ဟု မထင်မိ။ ကျန်သော ၇ယောက်သော တပည့်များက သူမကို ချစ်ခင်ကြင်နာကြသည့် အတွက် သုန္ဒရီနှင့် ရုဒ္ဓထံသာ ရောက်လာသည် ဟု ထင်မိပါသည်။
"နေကောင်းသွားပြီလား..."
သူမက တခြားသူမဟုတ်ဘဲ ကျွန်တော့်ကို တန်းပြီး စကားပြောလာသည်။ ဘယ်လိုဖြစ်ပြီး ကျွန်တော့်ကို စိတ်ပူသွားရတာလဲ။
"ကောင်းသွားပါပြီ"
ကောင်းသွားသည် ဆိုသော်လည်း ကျွန်တော့် ခန္ဓာကိုယ်ကတော့ သာမန်အတိုင်း လေးလံထိုင်းမှိုင်းနေဆဲဖြစ်၏။
အစ်ကိုတော် ကြိုပေးထားသည့် ဂျင်းလက်ဖက်ရည်များကို ၃ရက်ခန့်မျှ သောက်လိုက်ရသည့် အတွက်လည်း ဖြစ်နိုင်ပါသည်။သူမက စာအုပ်တစ်အုပ်ကို ကျွန်တော့် စားပွဲပေါ်သို့ လာချပေးသည်။ ဘာစာအုပ်လဲ ဆိုတာလည်း မသိပေ။
"အသင်ကတော့ ဆံပင်တွေဖြူသလို နှုတ်ခမ်းတွေလည်း ဖြူနေတာပဲ"
သူမက ကျွန်တော်ကို မကြည့်သည့် အတွက် အဖြူရောင် ဆံပင်တွေလည်း မမြင်လောက်ဘူးဟု ထင်ထားသည်။ စဉ်းစားကြည့်လိုက်တော့ ကျွန်တော် ဆံပင်အဖြူရောင် ဖြစ်နေတာရယ် မျက်လုံး အဝါရောင် ဖြစ်နေတာနှင့် ပတ်သတ်ပြီး တစ်ခါလေးတောင် စနောက်ကျီစားခံရခြင်း မရှိခဲ့ပါ။ ဆံပင်အဖြူရောင်က အသက်အရမ်းကြီးသည့် လူသားများတွင်သာ ရှိသည့် အရောင်မဟုတ်လား။
YOU ARE READING
ငယ်ချစ်ပုံပြင်
Teen Fictionအချစ်ဦး ဆိုတာ လှပတဲ့ ပုံပြင်လေးတစ်ပုဒ် တွေးလိုက်မိတိုင်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလာစေတယ် သူ...တစ်ဦးတည်းသောသူ