Unicode
ဖျောက်...ဖျောက်...ဖျောက်
မိုးရွာနေသောညနေစောင်းတွင်ကောင်လေးတစ်ယောက်ဆိုင်ကယ်ဖြင့်အလုပ်မှပြန်လာနေသည်။မိုးကာမပါ၊ထီးမပါနှင့်တစ်ကိုယ်လုံးစိုရွှဲနေတော့သည်။
ဂျောက်!
"ရှိုင်းထက်..ပြန်လာပြီလား"
"ဟုတ်ကိုကြီး"
"မိုးရေတွေစိုလာတာလား...ရေချိုးပြီးအနွေးထည်၀တ်ထားနော်..ဖျားမယ်..ပြီးရင်ထမင်းလာစား"
"ဟုတ်"
ရှိုင်းထက်ရေချိုးရန်အခန်းထဲသို့၀င်သွားသည်။ရှိုင်းထက်၏အကိုဖြစ်သူသည်ဆရာ၀န်ဖြစ်သည်။အကိုဖြစ်သူတစ်ယောက်တည်းဖြစ်မှာစိုးရိမ်ပြီးအဖော်အဖြစ်အမေရိကသို့လိုက်လာခဲ့သည်။ရှိုင်းထက်လင်းသည်လည်းသူ့အကိုလိုလူတော်တသ်ယောက်ဖြစ်သည်။အမေရိကတွင်ဆေးကျောင်းတက်နေသည့်အပြင်ပိတ်ရက်နေ့တိုင်းdeliveyအလုပ်ကိုအချိန်ပိုင်းအလုပ်လုပ်သည်။
"စာလိုက်နိုင်ရဲ့လား..မသိတာရှိရင်မေးနော်"
"ဟုတ်ကိုကြီး..ဒါနဲ့မနက်ဖြန်ပိတ်ရက်မလား..ကိုကြီးဘယ်အချိန်အားလဲ..အပြင်မှာမုန့်ထွက်စားရအောင်လေ"
"နေ့လယ်၂နာရီလောက်သွားမယ်လေ..."
"ဟုတ်ကိုကြီး..."
"ထိုင်စားလေ..."
"ဟုတ်"
ရှိုင်းထက်အကိုဖြစ်သူနဲ့ထမင်းစားလိုက်စကားပြောလိုက်နဲ့တစ်နပ်ပြီးသွားသည်။
"ပေးကိုကြီး..ကျနော်ဆေးလိုက်မယ်"
"ရပါတယ်ကွာ..ငါဆေးပါ့မယ်"
"ဒီနေ့တော့ကျနော်ဆေးမယ်"
"ပြီးရောကွာ.."
ရှိုင်းထက်လင်းသီချင်းေလးညီးကာထမင်းဝိုင်းကပန်းကန်များကိုဆေးကျောလိုက်သည်။
"ကိုကြီးဆေးပြီးပြီ..ကျနော်စာသွားလုပ်လိုက်အုန်းမယ်"
"အေး"
ရှိုင်းထက်လင်းသူ့အခန်းထဲ၀င်သွားပြီးစာပြန်လုပ်နေသည်။သူ့အကိုရှိုင်းဇာနည်လင်းကတော့ဧည့်ခန်းထဲတွင်TVကြည့်ရင်းအနားယူနေသည်။
ဇွန်လလယ်လောက်ဖြစ်တာကြောင့်မိုးကအဆက်မပြတ်ရွာေနသည်မုန်တိုင်းတွေကြောင့်လည်းပါတာပေါ့။TVဖန်သားပြင်ပေါ်တွင်ပြသနေသည့်ကိုရီးယားအချစ်ဇာတ်လမ်းတွဲကိုစိတ်၀င်တစားကြည့်နေသည်။ထိုအချိန်တွင်ဖုန်းတသ်ကောလ်၀င်လာသည်။
YOU ARE READING
မောင့်ကမ္ဘာငယ်(Ongoing)
Romanceချစ်စရာကောင်းတဲ့မောင့်ရဲ့အပြုံး ရင်ခုန်စေတဲ့အကြည့်တွေ ထပ်ခါထပ်ခါကြားရတဲ့ မောင့်အသံလေးရယ် အကုန်လုံးကိုစွဲလမ်းနေမိပြီမောင်ရယ်.....💕