🧡အတိတ်မေ့ ခင်ပွန်း🧡Part 38
"သမီးကို သေချာဂရုစိုက်နော်...."
"အေးပါ စိတ်ချသာသွားပါ ထိပ်ထားရာ..."
အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး ဒေါ်ပန်ထိပ်ထားမှာ အဝေးသွားစရာကိစ္စရှိတာကြောင့် လေဆိပ်တွင်ရောက်နေခဲ့သည်
"ဒယ်ဒီ သမီးကို ဝယ်ပေးမယ် ပြောထားတာ လိုက်ဝယ်ပေး...."
ပန်ပန်က သူမဖခင်အား နှုတ်ခမ်းလေးဆူကာ ပြောတော့ သမီးချစ်အဖေမှာ ပြုံး၍
"ဝယ်ပေးမှာပါဗျာ အခု အဲ့ကိုဘဲသွားနေတာ..."
ဤသို့နှင့် သားဖနှစ်ယောက် shopping mallသို့ရောက်သွားကာ ပန်ပန်မှာ သူမလိုချင်တာ မှန်သမျှ သူမဖခင်အား လိုက်ဝယ်ခိုင်းတော့သည်
အထုပ်အပိုးတွေလက်ထဲမှာ များများလာသော်လည်း ဦးလရောင်မှာ တက်ကြွစွာရှေ့ကသွားနေတဲ့ သူ့သမီးနောက်လိုက်ကာ ငွေရှင်းပေးနေဆဲဖြစ်သည်
"ဘုတ် အင့်..."
ပန်ပန်မှာ ထောင့်ချိုးသို့ အကွေ့ တစ်ယောက်ယောက်နဲ့တိုက်ကာ လဲသွားတာကြောင့် သူမတင်ပါးလေးနာသွားရသည်
"အို...."
"ပန်ပန်..."
အမျိုးသမီးတစ်ယောက်ရဲ့ အာမေဋိတ်သံနဲ့အတူ ဦးလရောင်ရဲ့ ခေါ်လိုက်သံဟာ ထွက်ပေါ်လာသည်
ဒေါ်မြင့်မိုရ်စံမှာ သူမတိုက်မိသွားတဲ့ ကလေးမလေးကြောင့် ချက်ချင်း ထိုင်ကာ ထူပေးရန်
ပြင်သော်လည်း ကလေးမလေးက သူမအား ငိုမဲ့မဲ့လေးနဲ့ ကြည့်နေသည်'ဒီကလေးက...'
သူမမြင်ဖူးတယ်ဆို၍ ကြည့်နေပေမဲ့ အနောက်မှ အထုပ်အပိုးတွေနဲ့ လျှောက်လာသော အမျိုးသားကြောင့် သူမ သေချာသွားရသည်
"လရောင်...."
ဦးလရောင်လည်း သူ့သမီးကို ထူပေးဖို့ ပြေးလာပေမဲ့ တွေ့လိုက်ရတဲ့ အမျိုးသမီးကြောင့် သူရပ်တန့်သွားရသည်
ဒေါ်မြင့်မိုရ်စံလည်း ရင်းနှီးစွာခေါ်ဝေါ်မိလိုက်တဲ့အတွက်ကြောင့် မျက်နှာအရင်လွှဲကာ မခေါ်ခဲ့သလိုမျိုးပြုမူ၍ ကလေးမလေးကိုသာ ထူပေးလိုက်တော့သည်

YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....