Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၇)။
လင်ခုံးလုမှာ"ကြက်ဝါလေး"ဆိုသည့်နာမည်ကိုကြားလိုက်ရခါစတုန်းကတစ်အောင့်ကြာမတုံ့ပြန်နိုင်ဖြစ်သွားသည်။ ဒီကမ္ဘာမှာဖီးနစ်ကျွန်းပေါ်ကသူတွေသာသူ့ကို"ရှောင်ဟွမ်ကျီး"ဟုခေါ်မည်မှန်းသတိရသွားတော့သူချက်ချင်းသတိချပ်လိုက်မိဝါ်။
"ဘာကြက်ဝါလေးလဲ။ ငါကြက်ဝါသုံးကောင်ပဲဝယ်ခဲ့တာ။"
သူမျက်နှာပေါ်မှာဇဝေဇဝါဖြစ်ချင်ယောင်ဆောင်လိုက်ပေမဲ့ခွေးပုလေးကိုတိတ်တခိုးစစ်ဆေးနေခြင်းပင်။ဖီးနစ်ကျွန်းဖျက်ဆီးခံလိုက်ပြီးနောက်ပိုင်း ကျွန်းပေါ်မှာအသိစိတ်ဝင်လာကြသည့်ငှက်များ၊ သားရဲများနှင့်အကြေးခွံလိပ်များမှာလည်းသေရင်သေ၊ မသေရင်ပျံပြေးသွားကြသည်။ ဒီခွေးကကျွန်းပေါ်ကထွက်ပြေးလွတ်မြောက်သွားခဲ့တာလား။ ဒါမှမဟုတ်ကျင့်ကြံသူတစ်ယောက်ယောက်ကကျွန်းပေါ်ကသူတွေဆီကနှိပ်စက်ညှင်းပန်းပြီးတော့သတင်းအချက်အလက်ရယူပြီးတော့သူ့ကိုလှည့်စားဖို့လွှတ်လိုက်တာလား။
သူကကျွန်းပေါ်ကလွတ်မြောက်လာပြီးတော့သူ့လေသံကရင်းနှီးနေသလိုပဲ၊ ဒါဆိုသူက....ချီလင်ဖြစ်နေမလား။
ခွေးပုလေးကသူဇဝေဇဝါဖြစ်ချင်ယောင်ဆောင်နေတာမြင်တော့"ဟီးဟီး"ဟုရယ်ကာအမြှီးယမ်းလျက်ဆိုလာသည်။
"ဟန်ဆောင်မနေပါနဲ့ဟာ၊ ငါချီလင်လေ။"လင်ခုံးလု: "...." သောက်ကျိုးနည်း၊ တကယ်ကြီးချီလင်လား။
"မင်းနဲ့အားစစ်ကငါ့ကိုခွေးပုလေး(ရှစ်ဇစ်ကော်)လို့ခေါ်ဖူးတယ်လေ၊ မှတ်မိလား။"
ခွေးပုလေးကသူ့ကိုအသိပေးလာကာ ထပြီးသူ့ကိုပတ်လျှောက်ကာဆိုလာသည်။
"အသွင်ပြောင်းပြီးနောက်ပိုင်းမင်းရဲ့ရုပ်ရည်ကအခုပုံစံနဲ့အရမ်းကွာသွားပြီ။ ငါမင်းအနံ့ကိုမှတ်မိတော့ ခုနကအကြည့်တစ်ချက်ထဲနဲ့မင်းမှန်းမှတ်မိသွားတာရယ်။"လင်ခုံးလုမှာသူ့လေသံကိုကြားသည်နှင့်ချီလင်ဖြစ်မှန်းသိသွားသဖြင့်ထွက်ပြေးမနေတော့ပေ။
အရင်ကဝမ်ရှို့တောင်ထွတ်နှင့်ချုန်းမင်ကျွန်းတစ်ခုပြီးတစ်ခုဖျက်ဆီးခံလိုက်ရတုန်းက ချီလင်နှင့်နဂါးမျိုးနွယ်စု၏သခင်လေးကဖီးနစ်ကျွန်းမှာခဏလာနေခဲ့ဖူးသဖြင့်လင်ခုံးလုနှင့်သူတို့မှာတစ်ယောက်ကိုတစ်ယောက်သိခဲ့ကြသည်။
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
ActionArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့