"မင်းတို့ Wonwooကိုတွေ့မိသေးလား"
Jeonghanတစ်ယောက် Wonwooကိုမတွေ့မိတာကြောင့် Soonyoungတို့ကိုမေးလိုက်မိတော့သည်
"ဟင့်အင်း မတွေ့မိဘူး သူခုနကတော့ ဟိုဘက်ခဏသွားနားဦးမယ်ပြောတာပဲ"
"ခုသူ့ကိုဘယ်မှာမှမတွေ့ဘူး သွားတာလဲကြာနေပြီ"
"နေဦး ဒါဆိုငါဖုန်းသွားဆက်ကြည့်လိုက်ဦးမယ်"
ထို့နောက် Wonwooဆီဖုန်းဆက်ရန် Jihoonထွက်သွားပြီး ခဏကြာတော့ Jeonghanတို့ဆီပြန်ရောက်လာသည်
"Jihoon ဘာတဲ့လဲ ဖုန်းဆက်လို့ရောရရဲ့လား"
"အင်း ကိစ္စလေးရှိလို့ပြန်သွားတာတဲ့"
"ဘာလဲကွာ ငါတို့ကိုနည်းနည်းပါးပါးတောင်မပြောသွားဘူး ဒီမှာကစိုးရိမ်လို့လိုက်ရှာနေတာကို"
Jeonghanကအနည်းငယ်စိတ်ဆိုးသောလေသံဖြင့်ပြောလိုက်ရာ Soonyoungက
"ထားလိုက်ပါ ငါတို့မနက်ဖြန်ကြမှ သူ့အိမ်ကိုသွားကြတာပေါ့ ပြီးတော့သူလည်းအရေးကြီးကိစ္စရှိလို့နေမှာပါ"
ထို့နောက် Soonyoungတို့လည်း Clubမှာကြာကြာမနေတော့ပဲ ပြန်လာခဲ့လိုက်ကြတော့သည်
.
.
.
.
.
မနက် သူတို့သုံးယောက် Wonwooအိမ်ရောက်တော့ Wonwooကိုမတွေ့မိပဲ တစ်ခါမှမမြင်ဖူးတဲ့သူကိုတွေ့တာကြောင့်"ဟိုလေ Wonwooရှိလားဟင်"
Jeonghanကအရင်စတင်ကာမေးလိုက်ပြီး
"Wonuလား သူအခန်းထဲမှာဂိမ်းဆော့နေတယ်ထင်တယ် အစ်ကိုသွားခေါ်ပေးမယ် ခဏလေးထိုင်စောင့်ပေးနော်"
"ဟုတ်"
Jeonghanတို့လည်း ဧည့်ခန်းမှာထိုင့်စောင့်နေကြရင်း Soonyoungက Jeonghanအနားသို့ကပ်ကာတိုးတိုးပြောလိုက်သည်
"အဲ့လူက Wonwooပြောတဲ့ အစ်ကို Seungcheolရဲ့အသိထင်တယ်"
"ဟုတ်မယ် ပြီးတော့ခေါ်တာကိုကြည့်ဦး Wonuဆိုပဲ အဟိ"
"ဘာလဲ သူတို့ကအဆင့်တက်နေကြပြီလား"
"နောက်မှငါတို့မေးကြည့်တာပေါ့"
ခေါင်းချင်းဆိုင်ကာတိုးတိုးပြောနေကြတဲ့သူနှစ်ယောက်ကိုကြည့်ပြီး Jihoonခေါင်းသာခါမိနေတော့သည်
YOU ARE READING
The Man I Love
RomanceWonwoo : ကျွန်တော့်ရဲ့အချစ်ဦးကသူပဲဖြစ်သလို နောက်ဆုံးအချစ်ကလည်းသူပဲ Mingyu : ကိုယ်လည်း ပထမဆုံးချစ်သူထားဖူးတာ ပထမဆုံးလူတစ်ယောက်ကိုအရမ်းသဘောကျမိတာ အဲ့တာကြောင့်မလို့ ကိုယ့်ကိုပစ်သွားဖို့စိတ်မကူးနဲ့နော်~