Part.4

1.3K 275 16
                                    

၀န်ကြီးချုပ်ပိုင်တဲ့ ကိုယ်ပိုင်လေယာဥ်ကွင်းမှာ
Jungkookကိုယ်ပိုင်လေယာဥ်ဆင်းသက်
လာတော့သည် ...

Jungkookတို့ သူငယ်ချင်းလေးယောက်လေယာဥ်ပေါ်မှနောက်မှဆင်းလာကာ  အနက်ရောင်၀တ်စုံ
ပြည့်၀တ်ထားတဲ့ တပည့်တွေက လုံခြုံရေးအပြည့်ယူထားသည် ...

၀န်ကြီးချုပ်ဂန်က  jungkookတို့အဖွဲ့အား အဆင်
သင့်စောင့်ကြိုနေလေပြီး တရိုတသေဖြင့်နှုတ်ဆက်လေ၏ .. jungkookတို့ရဲ့ ပါ၀ါကြီးမှု ချမ်းသာကြွယ်၀မှုကိုသိတာကြောင့် အူယားဖားယား ဖြစ်နေ၏ ..

သူတို့အတွက်စီစဥ်ထားတဲ့ ကားပေါ်လိုက်ပါလာသည်...

ကျယ်၀န်းလှသော ခြံကျယ်ကျယ်ထဲကားတစ်စီးပြီးတစ်စီး၀င်လာကြသည် ...

အိမ်ကြီးကလည်း မီးဖြိုင်ဖြိုင်ထိန်းလင်းနေပြီး ကြီးမားသော အိမ်ကြီးဟာ jungkook ပိုင်ဆိုင်တဲ့အိမ်ကြီးဖြစ်သည် ..အိမ် ကိုအကဲခက်လေ့လာရ
သလောက်ကတော့ အိမ်ဖွဲ့စည်းပုံကမဆိုးဘူးဆိုရမယ်..အချိန်သာရရင် သူ့စိတ်ကြိုက်ဆောက်ခိုင်းလိုက်မှာဖြစ်ပေမယ့် အရေးပေါ်အခြေအနေကြောင့် ၀ယ်လိုက်ရခြင်းပင် ..

" သဘောကျလား jungkook shii ဒီအိမ်က
ကိုးရီးယားမှာစျေးအမြင့်ဆုံးအိမ်ပါ ခြံကလည်း ဧက
အကျယ်ကြီးပါ "

သူ သဘောကျလား သဘောမကျလားဆိုတာကို
၀န်ကြီး မခန့်မှန်းတတ်တော့ ဖောဖောသီအောင်
ပြောရတော့သည် ..

" မဆိုးပါဘူး "

"ငါတော့သဘောကျတယ် အေးဆေးနေလို့ရပြီ  "
Yoon Somi ကတော့ အိမ်ကြီးကိုပတ်ကြည့်နေပြီး အသံကျယ်ကြီးနဲ့ပြောနေတော့ Eunwooက နားနောက်သွားဟန် ..

" နားငြီးတယ် အပန်းဖြေဖို့လာတာမဟုတ်ဘူး Somi"

သူ့ကိုမျက်စောင်းခဲကာ လျှောက်ကြည့်ဖို့ ခြံထဲဆင်းသွားသည်  ...

ဆိုဖာပေါ်ခြေချိတ်ထိုင်လိုက်ပြီး စကားစလိုက်တဲ့ jungkook ..

" ခင်ဗျားကိုပြောစရာတွေကများတယ် "

" ပြောပါ jungkook shii ဘာများလိုအပ်တာများရှိလို့လဲ "

" ကျုပ်တို့လေးယောက်စီးမဲ့ကား လက်နက်တွေကို သီးသန့်သင်္ဘောနဲ့ ဒီကိုသယ်လာခိုင်းမလို့ ၀န်ကြီးချုပ်ဂန်ဘက်က ရှုပ်လာမယ့်အရာတွေကို ရှင်းထားဖို့
အဆင်သင့်လုပ်ပေးထားပါ  "
Jungkook ဘာကိုဆိုလိုချင်တာလည်းဆိုတာ သူကောင်းကောင်းသိတာသည် ...

Captain Kim ( Completed )Where stories live. Discover now