အပိုင်း { ၁၃ } ( UNICODE )

292 10 0
                                    

"ချာတိတ်လေး ..အဝတ်လဲလို့ ပြီးရင် ထွက်ခဲ့နော်"

"ဟုတ် ကိုကို"

ရေချိုးခန်း အပြင်ဘက်မှ လှမ်းခေါ်နေသည့် ကိုကို့အသံကို ခပ်မြန်မြန် ပြန်တုံ့ပြန်ပြီး ရေချိုးခန်းထဲရှိ ကိုယ်လုံးပေါ် မှန်ကို စိုက်ကြည့်နေမိသည်။ တစ်ဆက်တည်းမှာပင် လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေကို ခပ်သွက်သွက် သုံးသပ်ကြည့်ရသည်။ အိပ်မက် မက်နေလျှင်တောင်မှ ယခုလောက်ထိ အိပ်မက်ဆန်လိမ့်မည်တော့ မထင်ပါ။

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က နွယ်နိုင်း ကိုကို့'ကို ဆုံတွေ့ခွင့်ရခဲ့သည့် အချိန်ကတည်းက ဒုတိယအကြိမ် တွေ့ခွင့်ရဖို့ ‌မျှော်လင့်နေခဲ့ပေမဲ့ ပြန်လည် တွေ့ဆုံချိန်၌ အကောင်းမွန်ဆုံး အနေအထားဖြင့် ရှိနေစေချင်ခဲ့တာ။ သို့ပေမဲ့ ကောင်းမွန်သည့် အခြေအနေမျိုးဖြင့် ဆုံခွင့်ရချင်နေသည့် ကိုကိုက နွယ်နိုင်း၏ ဘဝ၌ အဆိုး‌ဆုံးသော ဖြစ်အင်များတွင် အနား ရှိနေပေးခဲ့သည့် လူကြီး ဦးပိုင်မြတ်ဘုန်းသွင် ဖြစ်နေခဲ့သည်တဲ့လား။

ဘာပဲဖြစ်ဖြစ် လူကြီးအနား ရှိနေခွင့်ရချိန်တိုင်း လုံခြုံနွေးထွေးရကတည်းက ကိုကို ဆိုတာ သံသယ ဝင်ခဲ့သင့်သည်ကို နည်းနည်းလေးတောင် မရိပ်မိခဲ့သည်ကတော့ နွယ်နိုင်း ညံ့ရာ ကျလွန်းတာပါ။ ဒါပေမဲ့ ကိုကို့အပြစ်လည်း မကင်းပါ ... ကိုကိုက လွန်ခဲ့သော ၁၀ နှစ်ကနှင့် ခြားနားစွာ ပို၍ ကြည့်ကောင်းပြီး ခန့်ငြားလာသည့်အပြင် အရပ်လည်း သိသိသာသာ ရှည်လာသည်။ တစ်ကြိမ်တစ်ခါတည်း တွေ့ဖူးသူက မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားပုံကြောင့် နွယ်နိုင်း မရိပ်စားမိခဲ့တာ သဘောဝတော့ ကျတယ်မလား။

"ကိုကို ..လဲပြီးပြီ။"

ဖုန်းကြည့်နေရင်းမှ နွယ်နိုင်း၏ အသံကြား၍ ထင်ရဲ့ ... ကိုကိုက နွယ်နိုင်းဘက်သို့ ကြည့်လာရင်းမှ ဘယ်ဘက်ပါးထက်ရှိ ပါးချိုင့်လေး ပေါ်အောင် ပြုံးရင်း အနားတိုးကပ်လာသည်။ ကိုကို့'ကို ပြုံးစေလောက်သည့် အကြောင်းအရင်းက နွယ်နိုင်း ဝတ်ထားသည့် ကိုကိုနှင့် ဆင်တူ ခေါင်းစွပ်ပါသော အပြာရင့်‌ရောင် အနွေးထည်အင်္ကျီကြောင့်ပဲလားတော့ မပြောတတ်။

ကြယ်ကြွေကောင်းကင် { Complete }Where stories live. Discover now