Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၃၁) --------
Rain၏ ခဏတာရပ်တန့်သွားမှုအား
အခွင့်ကောင်းယူကာ နယောက
သူမ၏အကျီ်လေးအားပြန်ဆွဲယူလို့
ခန္ဓာကိုယ်အားဖုံးဖိဖို့လုပ်လိုက်သည်။
သို့ပေမဲ့၊ အားနဲ့ဆွဲဖြဲခံထားရသည့်အကျီ်လေးက
အရှက်လုံဖို့သာလျှင် တတ်နိုင်ခဲ့ပြီး၊
ကိုယ်ပေါ်မှ markingရာတွေအားတော့
အကုန် ဖုံးကွယ်လို့မပေးနိုင်ခဲ့ချေ။"မင်း!! "
မယုံနိုင်စွာဖြင့် Rain ထိုအရာတွေအား
ငေးကြည့်လို့နေမိသည်။
Rainရဲ့အကြည့်တွေက စူးရှလွန်းနေတာကြောင့်
နယော၏ကိုယ်လေးပင်ကျုံ့ဝင်ကာ၊ခန္ဓာကိုယ်အား
ထုပ်ချင်းပေါက်သွားတော့မတတ်။
နယောက အရှက်သည်းစွာ
မျက်နှာလေးက ရဲတွတ်လို့လာရသည်။သို့သော်ငြား၊ သူမ မသိလိုက်သည့်အရာက
Rainက ထိုအရာတွေအားကြည့်ကာမျက်နှာထားက
မဲသထက်မဲမှောင်လာခဲ့သည်ကိုပင်။"နယော! ... မင်းကွာ!! တောက်! "
ဒုန်းး!!
ရုတ်တရက် လက်သီးတစ်ချက်က
နယော၏မျက်နှာဘေးမှဖြတ်ကာ
အိပ်ယာပေါ်သို့ ကျရောက်လာ၏။" !! "
နယောလန့်ကာ Rainကိုတစ်လှည့်
ထိုလက်အားတစ်လှည့်
မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်မိသည်။
ငုံ့မိုးထားသည့်အနေအထားမို့
မျက်နှာနှစ်ခုကလည်း နီးကပ်နေကာ
Rainရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းအား
နယောက ရှင်းရှင်းလင်းလင်းကြီး
မြင်တွေ့နေခဲ့ရသည်။အံကြိတ်ထားသည်ကြောင့် မေးရိုးကြီးတွေ
တင်းနေပြီး၊ မျက်သားတွေလည်းရဲကာ
နားထင်ကအကြောတွေပါထောင်လို့နေသည့် Rainကဒေါသတွေဘယ်လောက်ကြီးနေကြောင်း
ကြည့်ရုံနဲ့တောင် သိသာနိုင်သည်။
နယောက အံ့သြမိတော့သည်။
ဒီလောက်အထိ ဒေါသတကြီးဖြစ်နေသည့်
Rainရဲ့ပုံစံက သူမအတွက်အထူးအဆန်းဖြစ်ကာ
တစ်ခါလေးမှကို မမြင်ဖူးခဲ့သည်ကြောင့်ပင်။သို့ပေမဲ့ ကြာကြာတော့မအံ့သြလိုက်ရ။
Rainက သူမအားထူမ,ကာ ရေချိုးခန်းအတွင်းသို့
ခေါ်ဆောင်သွားခဲ့တာကြောင့်
တရွတ်ဆွဲမတတ် ပါသွားခဲ့ရပြန်ပါသည်။