Chapter 37

964 132 2
                                    

Unicode

ဒါဆို ကုပိုင်က ဒီရက်ပိုင်း ဘာတွေလုပ်နေတာလဲ။

သူ လယ်ထဲမှာသာနေပြီး သူ့ခြံထဲ၌အသုံးပြုရန် နောက်ထပ်အစီအစဉ်တစ်ခုကို ပြင်ဆင်နေသည်။

သူရထားသည့်ငွေများနှင့်ဆို ယခုလောလောဆယ်တွင် လယ်မြေအား ဖြည်းညှင်းစွာ ဖြည့်တင်းနိုင်နေပြီဖြစ်သည်။

အစွန်အဖျားဂြိုဟ်သည် အင်ပါယာ၏ဗဟိုနှင့် ဝေးကွာပြီး စီးပွားရေးအတော်လေး နောက်ကျနေသော်လည်း ၎င်းက ကမ္ဘာပေါ်ကထက်တော့ များစွာတိုးတက်နေပါသေး၏။ ကုပိုင်က စိတ်ကျေနပ်လွယ်သူ ဖြစ်သည်။ ဤမျှကျယ်ဝန်းသောလယ်မြေအား ပိုင်ဆိုင်ထားခြင်းကို ပြောခြင်းမဟုတ်ဘဲ ဤနေရာရှိသူ့ဘဝကို သူသဘောကျလေသည်။

ဤဂြိုဟ်အား ဝန်ဆောင်မှုအားလုံးကို အတူတကွ ခံစားနိုင်စေမည့် နေရာတစ်ခုဖြစ်အောင် သူဖန်တီးပေးချင်သည်။ ဤမြေပေါ်ရှိ လူတိုင်းကို သဘာဝအစားအစာများ စားသုံးနိုင်ရန်နှင့် အရသာရှိသောအရာများကို ခံစားနိုင်စေရန် သူလုပ်ဆောင်ပေးချင်သည်။ အခြားဂြိုလ်များနှင့်ပတ်သက်၍မူ ၎င်းတို့အား သူထည့်စဉ်းစားခြင်းမရှိပေ။

ကုမိသားစုမှ သူ့အတွက်ထားခဲ့သည့်လယ်က ကျယ်ဝန်းလှသည်။ လယ်မြေအပြင် တောင်ကုန်းတစ်ခုလည်း ရှိသေး၏။ အကယ်၍ သူသာ ယခု မိခင်ကမ္ဘာမြေပေါ်တွင် ရှိနေပါက သူ ချမ်းသာလာမှာသေချာသည်။

မြေ၏သေးငယ်သော အစိတ်အပိုင်းကို စမ်းသပ်မှုတစ်ခုအတွက် သူသုံးထားသည်။ ထိုနေရာတွင် သီးနှံများစမ်းသပ်စိုက်ပျိုးထားပြီး ၎င်းတို့ ကောင်းမွန်စွာကြီးထွား၍ ရိတ်သိမ်းနိုင်ပါက စိုက်ပျိုးဧရိယာကို သူထပ်မံချဲ့ထွင်မည်ဖြစ်သည်။

အကောင့်လက်ကျန်ကို တစ်ချက်ကြည့်လိုက်ပြီး ကုပိုင် ထိုပိုက်ဆံများက မကြာခင် တခြားသူပိုင်သွားတော့မည်ဆိုသည့် ခံစားချက်ကို ခံစားလိုက်ရသည်။(T/N - သူဝယ်စရာတွေများလွန်းလို့)

ပိုက်ဆံက တကယ်ကောင်းသည့်အရာပင်။ သူ့အိတ်ကပ်ထဲ သူတို့ဝင်လာနိုင်မည့်လမ်း ရှာနိုင်မည်ဟု သူတကယ်မျှော်လင့်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now