အပိုင်း (၂ )U/Z

252 19 1
                                    

Unicode

မနက်ခင်းအချိန်သာရှိသေးသော်လည်း
မန္တလေးနွေ၏အပူချိန်သည်7နာရီကျော်
သည်နှင့်တစ်ရိပ်ရိပ်မြင့်တက်လာပြီဖြစ်သည်။
သောက်နေသည့်‌မုန့်ဟင်းခါးပန်းကန်၏အပူငွေ့
နှင့်ရောကာ နဖူးပေါ်တွင်ချွေးစက်တို့အနည်း
ငယ်တင်နေလျက်ရှိ၏။

"ညီညီ​မောင် မနက်စာစားပြီးရင် အိမ်ရှေ့ခန်းကိုလာခဲ့အုံး ပြောစရာရှိတယ်"

ဈေးမှဝယ်လာသည့် မုန့်ဟင်းခါးအား
သောက်ရင်းဖုန်းကြည့်နေစဉ်အိမ်ရှေ့ခန်းက
အမေလှမ်းခေါ်သံကိုကြားလိုက်ရသည်။

"ဟုတ် မောင်လာခဲ့မယ်"
ထူးသံပြုရင်းအနည်းငယ်သာကျန်တော့သည့်မုန့်ဟင်းခါးပန်းကန်အားဆေးလို့အိမ်ရှေ့သို့ထွက်လာခဲ့လိုက်၏။

"စားပြီးသားဟာတွေတစ်ခါတည်းဆေးခဲ့ကြားလား"

"ဟုတ် မောင်ဆေးခဲ့တယ်"

ပန်းကန်‌တွေအားအကုန်လက်စသတ်ခဲ့
ပြီးအိမ်ရှေ့ခန်းထဲသို့ထွက်လာခဲ့လိုက်သည်။

တိုးတိုးကျယ်ကျယ်သာပြောနေသည့်အမေနှင့်ကိုလေး
စကားသံတို့အား ဘေးနားသို့ဝင်ထိုင်ရင်းနားစွန်းနားဖျားကြားလိုက်ရသည်မှာ အလုပ်ဝင်ဖို့ကိစ္စဟုသာဖြစ်သည်။

"မောင် အမေမင်းကိုပြောစရာရှိတယ်"

ကြားဖို့ရန်ခက်ခဲလှသည့် အမေသည်သူ့ကိုသူ
အမေဟုအစချီ၍သုံးနှုန်းလိုက်သည့်စကား
ကြောင့်မောင်အံ့ဩမိသည်။
အံ့ဩမိတာထက်ပျော်တာကပိုပါသည်။
တစ်နှစ်နေလို့တစ်ခေါက်တောင်မသုံးနှုန်း
တက်သည့်နာမ်စားကြောင့် မောင်ပျော်ပါသည်။
ညာဘက်ပါးချိုင့်သေးသေးလေးပေါ်သွား
သည်အထိပြုံး၍။

"ဟုတ်အမေ..ပြောလေမောင့်ကို"

"အင်း...ကိုခန့်နဲ့တိုင်ပင်ကြည့်တာ သူတို့ရုံးမှာ အလုပ်ခေါ်နေတယ်တဲ့.မင်းဝင်လုပ်ဖို့ပြောနေကြတာ"

"မောင်ဝင်လုပ်ဖို့..ဟုတ်လားအမေ"

ခုဏကြားလိုက်သည့်စကားမှာ သူ့အတွက်ဖြစ်
လိမ့်မည်ဟုသူမထင်ခဲ့ပါ။

နှောင်ဖွဲ့ချစ်ခြင်း(Ongoing)Where stories live. Discover now