၉၀၈။ နန်းစောင့်တပ်(၅)

187 14 0
                                    

၉၀၈။ နန်းစောင့်တပ်(၅)

ဘယ်လို, ဂျန်ရှီကို ဖမ်းဖို့ ယွမ်ပြောင်ကို ခမည်းတော်က လွှတ်လိုက်တာလား လေ့ချန်က မေးလိုက်သည်။ သူ့မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်နေသည်။ သတင်းယူလာသည့် အစောင့်ကို သူက မျက်လုံးပြူး၍ ကြည့်နေမိသည်။

ဒါဆို ညီငယ်လေး ဂျန် အခု ဘယ်မှာလဲ၊ ဖမ်းမိသွားလား။

ထာဝရအမိုးခုံး တည်းခိုအိမ်ကို အခု နန်းတွင်းတပ်သားတွေ တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေကြတယ်၊ ဘယ်သူ့ကိုမှ ဝင်ခွင့် ထွက်ခွင့် မပေးဘူး၊ အရှင့် လက်အောက်ငယ်သားက အပြင်ကနေပဲ စူးစမ်းခဲ့ရတယ်၊ ဒါပေမဲ့ သခင်လေးဂျန်ကို နန်းစောင့်တပ်သားတွေ ဖမ်းဆီးသွားတာကိုတော့ မတွေ့မိခဲ့ဘူး၊ ဗိုလ်ချုပ် တည်းခိုအိမ်ကနေ ပြန်ထွက်လာတော့, သူ တစ်ယောက်တည်းရယ်၊ ဒါကို ကြည့်ရင်, သခင်လေးဂျန်ကို ဖမ်းမမိဘူးဆိုတာ အရှင့်လက်အောက်ငယ်သားက ခန့်မှန်းမိပါတယ် အစောင့်က ပြန်ပြောပြသည်။

လေ့ချန် နောက်ဆုံးတွင် စိတ်သက်သာသွားသည်။ ဂျန်ရှီက တော်ဝင်လက်စွပ်ကို ပိုင်ဆိုင်ထားကြောင်း ပြီးခဲ့သည့် ညကမှ သူ သိထားခဲ့သည်။ နာရီများစွာပင် မကြာသေးပေ။ အခု ဘုရင်ကြီးက ထင်မှတ်မထားစွာ ချက်ချင်း လှုပ်ရှားလာသည်။ မိုးမသောက်ခင်မှာပင် နန်းတွင်းတပ်များကို စုစည်းခဲ့လေ၏။

သူ့ လုပ်ပုံကိုင်ပုံ အရဆိုရင်, ခမည်းတော်က ညီငယ်လေး ဂျန်ရဲ့ အသက်ကို တကယ်ကြီး နှုတ်ယူချင်နေတာပဲ လေ့ချန်က ပြောလိုက်သည်။ သူ့မေးရိုးကြီးများ ထောင်ထသွားသည်။ ဝမ်ယု သူ့အား ပြောပြထားတာကို ပြန်စဉ်းစားလိုက်လျှင် သူ့ စဉ်းစားတွေးခေါ်ပုံက အလွန် ရိုးစင်းနေပုံ ရသည်။

ဘုရင်ကြီးက အခုလို လှုပ်ရှားဆောင်ရွက်မည်ဆိုတာကို ဝမ်ယု ခန့်မှန်းနိုင်ခဲ့သည်။ ထိုသို့ လှုပ်ရှားဆောင်ရွက်ခြင်းကလည်း ဂျန်ရှီက နန်းတွင်းကို အုတ်အော်သောင်းနင်း မွှေနှောက်သွားမှာကို သူ စိုးရိမ်ပူပန်လို့ ဖြစ်သည်။

အရှင့်သား, ကျနော်တို့ ကိုယ်ပိုင် လူတွေကို စေလွှတ်လိုက်ရမလား, သခင်လေးဂျန် ဘယ်ရောက်နေတယ်ဆိုတာ စုံစမ်းထောက်လှမ်းဖို့ အစောင့်က ဆက်မေးသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora