8 [U]

1.6K 86 14
                                    

မျက်နှာနီစွေးစွေးနဲ့ ဘေးမှာ ထိုင်နေသူက ဇန့်ကိုအခုထိ စကားတစ်ခွန်းမှပြောမလာဘဲ စိတ်ဆိုးနေလေသည်။ အကြောင်းကတော့ ဂေါပကရုံးအထိ ရောက်သွားပြီး မိုက်နဲ့အော်ခိုင်းလို့ပါတဲ့လေ။

ဖုန်းလဲမကိုင်၊ စာပို့လဲမပြန်တဲ့လူကို အခုလို မလုပ်လို့ ဘယ်လိုလုပ်ပေးရမလဲ။

"ကိုင်းရိုးရာ"

"....."

"ကိုင်းရိုရာလို့"

"ဘာလဲ"

"ဘာဖြစ်နေတာလဲ"

"....."

"ဟေ့ ကြားလား"

မထုံတတ်တေးနဲ့ ပြန်မပြော နားမထောင်ဂာလေးကြောင့် ဇန်စိတ်မရှည်တော့ချေ။ အခုလည်းကြည့် ‌တမင်မကြားချင်ယောင်ဆောင်နေတာ

"ခင်ဗျား အဲ့ဒါဘာဖြစ်နေပြန်တာလဲလို့"

"ဘာမှမဖြစ်ဘူး ငါ့ကိုအိမ်ပြန်ပို့ပေး"

"မပို့ပေးနိုင်ဘူး၊ ဘာဖြစ်နေလဲဆိုတာပြောပြမှပြန်ပို့ပေးနိုင်မယ်"

"ဘာမှမဖြစ်ဘူးလို့"

"အဲ့ဘာမှမဖြစ်ဘူးဆိုတာက ဖြစ်နေတာလေဗျာ"

"‌နောက်ကျနေပြီ အိမ်ပြန်ပို့ပေး"

"မပို့ပေးဘူးဗျာ"

ဘုကလန့်ချည်းတိုက်နေသော ကောင်လေးကြောင့် ကိုင်း စိတ်တိုတိုနဲ့ တစ်ချက်ကြည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်၏။ ထိုအခါ လက်မြန်သည့် ကိုယ်‌တော်ချောက ကိုင်းလက်ကောက်ဝတ်ကိုဆွဲထားပြန်သည်။

"မင်း ဘယ်လိုဖြစ်နေတာလဲ"

"ပြောင်းပြန်တွေလာပြောနေပြန်ပြီ ဖြစ်နေတာက ခင်ဗျားလေ"

"မင်းလိုက်မပို့ရင်လဲ ငါ့ဘာသာပြန်မလို့လေ"

"ဒီအချိန်ကြီး ခင်ဗျားတို့ဘက်ရောက်တဲ့ YBS မရှိတော့ဘူး၊ ကျုပ်လိုက်ပို့ပေးမှ ခင်ဗျားအိမ်ပြန်ရောက်မှာ"

"Taxi ဌားပြန်မယ်"

"ပိုက်ဆံတွေတအားပေါနေတယ်ဟုတ်လား"

ကိုယ်တိုင်လဲ လိုက်မပို့ပေးဘူး၊ ကိုယ့်ဘာသာပြန်မယ်ဆိုတော့လဲ လွှတ်မပေးတဲ့ကောင်လေးကြောင့် စိတ်ပျက်လက်ပျက်နဲ့ ဘာစကားမှမဆိုချင်တော့။ ထိုအခါမှ ကောင်လေးက ကိုင်းလက်ကဆွဲကာ သူ့ဘေးမှာပြန်ထိုင်စေသည်။

မောင့်မျက်သွယ်Donde viven las historias. Descúbrelo ahora