[Unicode]
လူတစ်ယောက်ဟာ တက္ကသိုလ်ကျောင်းကြီးရဲ့ အဆောင်ရှေ့မှာရပ်နေရင် သူ့ရဲ့ အကြောင်းများကိုစဉ်းစားနေသည်။
ထိုလူကာ မိသားစုတစ်ခုရဲ့ အငယ်ဆုံးလေးပေါ့...ဒါပေမဲ့သူက မိသားစုမကြိုက်တဲ့အရာလေးတစ်ခုဖြစ်နေတယ်... အဲ့တာကတော့ ဂေးဆိုတဲ့လူ့စိတ်လေးပေါ့ ထိုဂေးဆိုတဲ့အရာကို လူတွေက ဘာမဆိုင်ညာမဆိုင် ရွံရှာကြတာက မဆန်းပါဘူးလေ.... ဒါပေမဲ့ သူ့အတွက်ကြတော့ အဆင်မပြေနေခဲ့... သူရဲ့ နှလုံးသားက ဆတ်"ထိမခံ အငိုလွယ် ဝမ်းနည်းလွယ်တတ်တယ်... သူကို ငယ်ငယ်ကထဲက စပြီး "အခြောက်ကြီး" ဆိုပြီး အမြဲကျီဆယ်စနောက်ကြသည်.... ထိုလူသားလေးဟာ အခုက တကုသိုလ်ရဲ့ ပထမနှစ်ကို စတင်တက်ရောက်တော့မှာဖြစ်ပါတယ်
ထိုလူသည် "ဂျိုစက်ငွေ" ဆိုတဲ့နာမည်ပိုင်ရှင်လေးဘဲဖြစ်ပါတယ်။
အခုတော့ တက္ကသိုလ်ကိုတက်ဖို့အတွက် သူ သူ့အဆောင်ကိုရှာနေရခြင်းပင်။ ဘာလို့ဆို သူတက္ကသိုလ်ကို မိဘတွေက မတက်ခိုင်းစေခြင်း။ သူ့အမကတော့ နောက်ဆုံးနှစ်ကိုရောက်နေပြီးဖြစ်သည်။ မြန်မာမေဂျာကိုယူထားတာဖြစ်သည်။
ဂျိုစက်ငွေကတော့ ဆရာဝန်လိုင်းဘဲဖြစ်ပါတယ်။
သူ၁၀တန်းစာမေးပွဲအောက်စာရင်းထွက်တုန်းကဆို ဘယ်သူမှသွားမကြည့်တဲ့အပြင် ၁၀တန်းကို ဂုဏ်ထူး၆ဘာသာဖြင့် အောင်မြင်စွာဖြေဆိုနိုင်ခဲ့တာကို မိဘနှင့် မောင်နှမများက မပျော်ပေးခဲ့ကြပါ....
အခု တက္ကသိုလ် မတက်ခိုင်းရတဲ့အကြောင်းအရင်ကလဲ သူ့မိဘတွေထက် သူ့အမကြောင့်သာဖြစ်သည်...
ဘာလို့ဆို သူအမက သူ မောင် ေဂး နေတာကို ကြားရမှာရှက်လို့ပါတဲ့။ သူ့အကိုကလဲ ပါသေးသည်။ သူထိုအရာများကို အံတုပြီး တက်မယ်ဆိုပြီး ကျောင်းအပ်လိုက်ခဲ့သည်။ အဲ့တုန်းကဆို သူ့အမက အိမ်ထဲက အိမ်ပြင် ၁ပတ် တိတိတောင်မထွက်ခဲ့။ အဲ့တာကြောင့်သူ့အဖေနဲ့ အေမကသူ့ကို အိမ်ပေါ်ကနေ ၁ပတ်ဆင်းခိုင်းလို့ဆင်းခဲ့ရပါတယ်တဲ့။
သူ့အကိုကတော့ ထုံစံအတိုင်း သူ့ညီမဘက်ကမို့ မတားခဲ့ပါဘူး။