[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။

1.9K 395 5
                                    

Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၈)။

ယန်းချီစစ်နိုးလာခါစတုန်းက သူအမှန်တကယ်တစ်အောင့်ကြာလမ်းပျောက်သွားခဲ့သည်။

သူအသိစိတ်ပင်လယ်ထဲမှာစိတ်ဝိညာဥ်အဆိပ်ကိုရုန်းကန်ဖိနှိပ်ပြီး မျက်စိဖွင့်လိုက်သည်နှင့် တစ်စုံတစ်ယောက်ကသူ့ခေါင်းကိုအသာအယာထိလာသည်။

သူအိပ်မက်ထဲရောက်နေကာ သူ့ဖခင်ကိုအိပ်မက်မက်နေသည်ဟုထင်...မဟုတ်သေးဘူး၊ သူ့ဖခင်၏လက်များမှာကျယ်ပြောကာသန်မာပြီး ၎င်းတို့ကသူ့ကိုအလွန်အသာအယာပုတ်ပေးမှာမဟုတ်ပေ။ ထိုအစား ဖီးနစ်ကျွန်းပေါ်ကဖီးနစ်လေးကသူ့ခေါင်းထက်မှာတောက်ပသောအတောင်ဝါများကိုဒီလိုမျိုးတဖျတ်ဖျတ်လှုပ်ခါနေတတ်သည်။

သူချုန်းမင်ပင်လယ်နှင့်ဖီးနစ်ကျွန်းကိုအိပ်မက်မက်နေပြန်ပြီဟုထင်လိုက်မိသည်။ သို့သော်လည်းနောက်တစ်ခဏမှာသူလင်ရှစ်ရှုန်း၏အသံကိုကြားလိုက်ရသည်။ တစ်ဖက်လူ၏လေသံမှာစိုးရိမ်ပူပင်ကာအပြစ်တင်နေပြီး သူဘယ်ရောက်နေခဲ့လဲနှင့်သူဘာလို့နေမကောင်းဖြစ်နေလဲဆိုတာကိုမေးနေလေသည်....

ယန်းချီစစ်မနေနိုင်ဘဲတွေးလိုက်မိပြီး အိပ်မက်မဟုတ်မှန်းသိလိုက်ရတော့ရှော့ခ်ရသွားမိသည်။ လင်ရှစ်ရှုန်းကသူပုန်းနေတဲ့ဂူထဲမှာတကယ်ပေါ်လာပြီးတော့ နဂါးမိစ္ဆာပုံစံရုပ်ဖျက်ထားတဲ့သူနဲ့အလွန်ရင်းနှီးနေတာလား။

ဒီလိုဖြစ်နေတာဘယ်လောက်ကြာပြီလဲ။ တစ်ဖက်လူကသူ့သရုပ်မှန်ကိုသိနေတာလား။ သူဘာလို့သတိမမူမိခဲ့တာလဲ။

ယန်းချီစစ်ရင်ထဲမှာစိတ်ခံစားချက်လှိုက်တက်လာပြီး သူ့မျက်လုံးများမှာပိုမိုစူးရှခက်ထန်လာသည်။

သို့သော်လည်းလင်ရှစ်ရှုန်းကမကြောက်သွားရုံတင်မက သူ့ကိုဦးချိုကနေလှမ်းဆွဲကာသူ့ကိုအပြစ်တင်လာပြီး သူစားစရာဘယ်လောက်ကျွေးခဲ့လဲဆိုတာကိုပင်အသေးစိတ်တွက်နေလေသည်။

ယန်းချီစစ်နားထောင်လေလေ သူ့မျက်နှာပိုမည်းလာလေ...အင်း၊ နဂါးနက်ရဲ့မျက်နှာကနဂိုထဲကအနက်ရောင်ဆိုပေမဲ့ပေါ့။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now