အပိုင်း ၂၉၇ ၂၉၈ ၂၉၉ ၃၀၀ ၃၀၁ ၃၀၂ ၃၀၃

1.6K 171 8
                                    

အပိုင်း ၂၉၇

"ကျွန်မပြောတာက ကျွန်မသဘောကျတဲ့လူက ပျံနိုင်တယ်လို့!"

"ကိုယ့်ကိုအရူးလုပ်ဖို့မကြိုးစားနဲ့"

ယုံးဝူမင့်က မျက်နှာကိုမရမက တည်တင်းထားရင်းဖြင့်

"ပိုးစာပင်လေး...ကိုယ်က ဟိုအရူး ဟန်ရှောင်လင်လို မဟုတ်ဘူးနော်!"

သူမ သေချာပေါက် ဟန်ခွေးအိုကြီးနဲ့ တခြားရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြမှာပဲ!!

သို့ငြား သူသည် သူမ၏ နှုတ်ခမ်းတွေပြန့်ကားသွားပြီး မျက်ဝန်းက ချက်ချင်းနီရဲလာတာကို မြင်လိုက်ရလေသည်။

ယုံးဝူမင့် ချက်ချင်းပင် သူ့အစွယ်တွေပြန်သိမ်း၍ သူမအား ရင်ခွင်ထဲအလျင်စလိုဆွဲသွင်းလိုက်ရ၏။ သူခေါင်းငုံ့ကာ သူမမျက်ဝန်းထောင့်လေးကို အဆက်မပြတ်နမ်းလိုက်သည်။ သူမ တကယ်ကြီးငိုချမှာကို သူစိုးလှပါသည်။

"ခုနကလေးတင် အဆင်ပြေနေတာမလား။ ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလိုငိုချရတာလဲ။ မငိုနဲ့။ ကိုယ်က မင်းကိုမယုံဘူးလို့မပြောဘူး။ ဘယ်တုန်းကများ ကိုယ်မယုံပေးခဲ့တာရှိလဲ။ အရင်တုန်းက မင်းကိုယ့်ကိုရယ်စရာကောင်းတဲ့အတုအယောင်စကားတွေပြောတုန်းကတောင် ကိုယ်ယုံခဲ့ပေးတာပဲဟာ"


သူက ဖွဖွရေရွတ်သည်။

"ဒါဆို.."

သူမက မျက်ရည်များကြားကပြုံးရင်းဖြင့်

"ကျွန်မအတိတ်နဲ့ပတ်သက်ပြီး ရှင့်ကိုပြောချင်တာရှိတယ်။ကျွန်မအစ်ကိုကိုလည်း မေးစရာရှိလို့ အထဲဝင်ခိုင်းပြီး နားထောင်ခိုင်းရအောင်။ရှင် စိတ်မဆိုးရဘူးနော်"

"အွန်း..အွန်း"

သူက အလွန်မှဝတ်ကြေတမ်းကြေနိုင်စွာ ဖြေလာသည်။

သူ၏ အနက်ရောင်မျက်ဝန်းတို့က ဘေးဘီဝေ့လိုက်ရင်း ရင်ထဲမှာ သိချင်လာသည်။ နားထောင်ပြီးလျှင် စိတ်ဆိုးလောက်လား၊ စိတ်မဆိုးလောက်လား။ ​ထားတော့။အဆိုးဆုံးအနေဖြင့် သူမအား သူနောက်တနည်းရှာ၍ သန့်ရှင်းပစ်ရုံပင်။ နောက်ဆုံးတော့ သူသည်လိုပင် ဆုံးဖြတ်လိုက်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Dove le storie prendono vita. Scoprilo ora