Chapter 6

496 114 5
                                    

ဥာဏ်ကောင်းသောခွေး

ကျိုးလီကတော့ သခင်လေးကျိ၏ သုံးသပ်ချက်တွေကို မသိခဲ့ပါချေ။

သူသာသိခဲ့လျှင်လည်း ပါးစပ်ထဲက ဘီယာတွေကို ဖူးခနဲ ပြန်ထွေးထုတ်မိလောက်သည်။  သူ၏ “ချစ်လှစွာသော ဖခင်” ကိုရိုက်ဖို့အတွက် လူတွေတောင်ခေါ်ထားတာလေ။

ဘယ့်နှယ် ရှောင်ပိုင်ထျန်(ရိုးစင်းတုံးအနားမအူရှုပ်)တဲ့တုန်း။

ဒါပေါ့လေ သခင်လေးကျိရဲ့ ‘ရှောင်ပိုင်ထျန်(အရူးကောင်)’ ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုသာသိခဲ့ရင်တော့ ဘီယာတွေကို ပြန်မထွေးထုတ်မိလောက်ဘူးပေါ့။

ကျိရှောင်ယန့်ဟာ ငယ်ငယ်လေးကတည်းက ကြမ်းတမ်းသောဘဝမှာနေခဲ့ရသူဖြစ်တာကြောင့် သူ့နှလုံးသားကလည်း မည်းနက်နေတာကြာခဲ့ပြီဖြစ်သည်။

သူ့ဘဝမှာ ဦးနှောက်တစ်ကန့်လွတ်နေပြီး ပျော်ပျော်နေတတ်သောသူတွေက အရူးကောင်တွေသာ။ ထိုအထဲမှာ ကျိုးလီကတော့ လူတွေကိုတောင်တိုက်ခိုက်နိုင်သော အရူးကောင်တစ်ယောက်ဖြစ်သည်။

ကျိုးလီက သူ့၏ပျော်ပျော်နေတတ်ပြီး တောက်ပသောအကျင့်စရိုက်ကို သိပ်ကိုဂုဏ်ယူနေပေမဲ့ သခင်လေးကျိ၏မျက်လုံးထဲမှာတော့ သင်းခေါင်းက အပေါက်ကြီးသာ။

သူ ဤနှယ်တွေးနေမှန်းသာ ကျိုးလီသိသွားခဲ့ပါက ခွေးပေါက်လေးကို အသေအလဲအနိုင်ကျင့်နေမှာ သေချာသည်။

ကံကောင်းစွာဖြင့်ပင် သူကဘာမှမသိနေခဲ့သည့်အပြင် သခင်လေးကျိ ပန်ကိတ်နင်နေမှာစိုးရိမ်သောကြောင့် ဆိုင်ရှင်ဆီမှာ ရေတစ်ခွက်တောင်းပြီးတောင် သူ့ကို တိုက်လိုက်သေးသည်။

အဖွဲ့သားများဟာ ဘီယာနှစ်ခွက်စီသောက်ပြီးသည့်နောက်မှာ အသားကင်တွေကို ဆက်စားကြသည်။

ခရမ်းချဉ်သီး ကြက်ဥမွှေကြော်အုပ်စုက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြရင်း အာ့ကောက စကားစလာခဲ့သည်။

“ယင်းကော နောက်တော့ရော ဘာအစီအစဉ်တွေရှိလဲ”

အဖြေက သိသာနေတာမို့ ကျိုးလီက ပေါ့ပေါ့ပါးပါးသာဖြေလိုက်သည်။

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now