20

34 7 0
                                    

UNICODE





ပထမအဆင့် စီစစ်ခြင်း ဖြစ်စဥ်က ရိုးရှင်းသည်။ တစ်စုံတစ်ယောက်ရဲ့ ခွန်အား၊ လျင်မြန်မှုနဲ့ တိုက်ခိုက်မှု စွမ်းရည်ကို စစ်ဆေးပြီးနောက် ပါဝင်ယှဥ်ပြိုင်ခွင့် လတ်မှတ် ထုတ်ပေးသည်။

ထိုအဆင့်တွင် အယ်လ်ဖာ အများစုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော ဘီတာအချို့က ဝင်ရောက် စစ်ဆေးခံကြသည်။ အိုမီဂါများ အတွက်မှာ အလွန်အမင်း အားနေသော လျူယန်ယန်လည်း စစ်ဆေးခံခဲ့ပြီး ချွင်းချက်မရှိ ကျရှုံးခဲ့သည်။ ထူးခြားချက်မှာ သူတို့ရဲ့ လျှမ်းလျှမ်းတောက်နေတဲ့ ဘီတာ တန်း ချီတာဖွန်က သူ့တွင် အင်မတန့်အင်မတန် အရေးကြီးသော ကိစ္စရှိသဖြင့် အားကစားပွဲကို မပါဝင်နိုင်ဟု ဆိုသည်။

ဒုတိယပွဲစဥ်က ပို၍ အရေးပါသည်။ ယှဥ်ပြိုင်သူဦးရေ မည်မျှပင်ရှိပါစေ နောက်ဆုံးတွင် လူတစ်ရာကိုသာ ရွေးချယ်မည် ဖြစ်သည်။

ထို့ကြောင့် အဆင့်ဆင့် ပေးထားသော တိုက်ခိုက်ရေး စက်ရုပ်များကို ကျော်ဖြတ်နိုင်တဲ့ အရေတွက်ပေါ် မူတည်၍ ထိပ်ဆုံးငါးရာ ရွေးချယ်လိုက်သည်။ ထို့နောက် ငါးယောက်တစ်ဖွဲ့ ဖွဲ့ပေးပြီး အချင်းချင်း တိုက်ခိုက်စေကာ နောက်ဆုံး ကျန်သောသူကို ရွေးချယ်မည်။ ဤနည်းဖြင့် လူတစ်ရာ ကျန်ရှိခဲ့လိမ့်မည်။

ဖိုင်နယ်ပွဲစဥ်သည် တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ပြီး လူတစ်ရာက သတ်မှတ်ထားသော ဧရိယာတွင် ရှင်ကျန်ရန် ကြိုးစားရမည်။ ပြိုင်ပွဲဝင် အချင်းချင်းကြောင့် ဖြစ်စေ ပတ်ဝန်းကျင် အန္တရာယ်များကြောင့် ဖြစ်စေ ထုတ်ဖယ်ခံရနိုင်သည်။ ထို့နောက် နောက်ဆုံး ရှင်ကျန်ခဲ့သူက ပထမ ဖြစ်လိမ့်မည်။

လူငါးရာ ရွေးချယ်ပြီး ကတည်းက ပရိတ်သတ်များ ကြားတွင် လောင်းကြေးများ ရှိလာသည်။ သူတို့က အနိုင်ရသူ၊ သို့မဟုတ် ထိပ်ဆုံးဆယ်ယောက် ဝင်မဲ့သူကို ကြိုတင်၍ လောင်းထားကြသည်။ လောင်းကြေး အများဆုံး ရထားသူမှာ မြို့တော် အကယ်ဒမီမှ ထိပ်တန်းအယ်လ်ဖာ ဟင်ဒရီ ဆိုသူဖြစ်သည်။

ပြောကြသည်မှာ မြို့တော်အကယ်ဒမီက တောင်ကိုရီးယား တစ်နိုင်ငံလုံးတွင် အကောင်းဆုံး တိုက်ခိုက်ရေးကျောင်း ဖြစ်သည်ဟု ဆိုသည်။

Lure of the Night || Norenmin ||Where stories live. Discover now