16

7K 1K 136
                                    

ဆယ်နာရီ​ကျော်​​လေ​​တော့ ခရီးသွား ကား​လေးမှာ ​ဒေါ်နှင်းမြိုင်တို့ ခြံထဲသို့ ဝင်လာခဲ့သည်။သီးနှံစိုက်ပျိုးသည့် ခြံမို့ အကျယ်အဝန်းမှာ မျက်စိတစ်ဆုံးပင်။မြင့်မိုရ်က ကား​ရှေ့ခုံကို လက်​လေးနှစ်ဖက်ဖြင့် အားပြုကာ တင်ပါးကြွထားရင်းမှ ကားဆရာဦး​လေးကြီးအား ​ပြောလိုက်သည်။

" ညာဘက်​ကွေ့လိုက် ဦး​လေး ... ပြီးရင် နှစ်ထပ်ပျဥ်​ထောင်အိမ်နားမှာ ရပ်​ပေး​​​နော်။ အဲဒီမှာ ဆင်းမယ်။ "

" ဟုတ်ပါပြီ။ " 

မြင့်မိုရ် ပြန်ထိုင်လိုက်ပြီး ​​​ဘေးတွင် ရှိ​​သော ဥဂ္ဂံထံ အကြည့်​​ရောက်သွား​​တော့ ထိုသူမှာ အသံ​တွေ ဆူညံမ​နေ​စေရန် သီချင်းမဖွင့်ဘဲ နားနှစ်ဖက်လုံး နားကြပ်တပ်ထားပြီး စာအုပ်ဖတ်​နေသည်။ တစ်လမ်းလုံးနီးပါး စာအုပ်ဖတ်လာပြီးမှ လုံးဝစရိုက်ကွဲသည့် ဥက္ကာပုံစံ ဟန်​ဆောင်ချင်​​နေသေးသည်။ ​ဥက္ကာသာဆို မြင့်မိုရ်နှင့် စရိုက်တူစွာ စကား​ပြောလျှင်​ပြော၊ မဟုတ်လျှင် အ​သေ​​ကောင်ကြီးလို အိပ်လာမှာပင်။

" အမြွှာ​တွေသာ ​ပြောတာ ဒါ​လေးက စရိုက်​​​​​​ကောင်းချက်ပဲ။ ဘယ်ဘက်က ကြည့်ကြည့် ရည်မွန်ပြီး စတိုလ်လည်း ကျ​သေးတယ်။ "

မြင့်မိုရ် ခပ်တိုးတိုး​​လေး ​ချီးကျူးလိုက်သည်။ ပျဥ်​ထောင်အိမ်​ရှေ့ ကား​လေး ရပ်သွားမှ ဥဂ္ဂံလည်း စာအုပ်ကို ပိတ်ကာ ​ကျောပိုးအိတ်ထဲ ထည့်ပြီး နားကြပ်လည်း ဆွဲဖြုတ်လိုက်ကာ မြင့်မိုရ်ကို ​စောင့်ပြီးမှ နှစ်​​​ယောက်အတူ ကား​ပေါ်မှ ဆင်းလိုက်သည်။

အိမ်​​​ရှေ့​နေရာတွင် မီးဖို​ချောင် လုပ်ထားသည်မို့ ကားသံကြား​တော့ ​ဒေါ်နှင်းမြိုင်က ​ခေါင်းထွက်ကြည့်သည်။ အဘွားဖြစ်သူနှင့် အကြည့်ချင်း ဆုံသွားခိုက် မြင့်မိုရ်က ဥဂ္ဂံအနား ပိုတိုးကပ်လိုက်ပြီး မျက်နှာကို ​မော့ထားလိုက်သည်။

​ဒေါ်နှင်းမြိုင်ကလည်း ' ဘာလုပ်ရမှာလဲ' ဆိုတဲ့သ​ဘော နှုတ်ခမ်းမဲ့ပြလိုက်ပြီး ​ခေါင်း​လေးပြန်ဝင်သွားသည်။ ချက်လတ်စဖြစ်သည့် ဘဲဥ၊ပဲသီးနှင့်ငါးဖယ် ​ရောချက်ထားသည့် ဟင်းအိုးကို ပြန်​မွှေ​နေသည်။

Youth , Sweet LoveWhere stories live. Discover now