Royal Omega - 25

3.3K 254 79
                                    

        Royal Omega Become My Mate
      __________________________________

" ဆေးရောင်းတဲ့အမျိုးသမီး သေဆုံးမှုမှာ သံသယရှိသူရှိနေတယ် Min.."

" ဘယ်သူလဲ.. အထိန်းတော်ကြီး.. "

" ရင်မ်လေ..သူ အဲ့နေ့ကတည်းက ပြောက်နေတာနှစ်ရက်ရှိပြီ "

ရင်မ် ဆိုတဲ့နာမည်ကို ကြားမိတော့ ခပ်လှမ်းလှမ်းမှာ အစ်ကိုတော်နဲ့အတူ စကားပြောနေသည့် Jeon ကိုလှမ်းကြည့်လိုက်မိတယ်။

" ရင်မ်က.. အဲ့လိုလုပ်ပါ့မလား.."

" သေချာပေါက် လုပ်နိုင်တာပေါ့ "

" ဟူးး.."

" ဒါနဲ့ အိမ်ရှေ့စံကင်မ်ပို့ပေးလိုက်တဲ့ လက်ဆောင်တွေ ကြည့်ပြီးပြီလား Min "

" ရှူးးး တိုးတိုးပြောပါ အထိန်းတော်ကြီးရဲ့..Jeon ကမကြိုက်လို့ "

" သူက အိမ်ရှေ့စံကင်မ်ကို မှတ်မိလို့လား "

" မမှတ်မိပေမယ့် လက်ဆောင်ပို့ပေးတာကို သဘောမကျတဲ့ပုံပဲ "

" ဟွန်း..ထားပါတော့ "

" ဘာကိုထားပါတော့လဲ..အထိန်းတော်ကြီးနော်.."

" Min.. ကိုယ်တို့ အဆောင်ကိုပြန်ကြတော့မလား "

အစ်ကိုတော် Joon နဲ့အတူအနားရောက်လာသည့် Jeon

" ရေချိုးပြီး နားသင့်ပြီလေ.. "

Jeon ရဲ့စကားကိုလက်ခံလိုက်ကာ အစ်ကိုတော်နဲ့အထိန်းတော်Jin ကိုနှုတ်ဆက်ခဲ့ပြီး နန်းဆောင်သို့ Min ရဲ့အယ်လ်ဖာနဲ့အတူပြန်လာခဲ့ကြသည်။

နန်းဆောင်ကိုရောက်ပြီးနောက်..

" Min ရေချိူးတော့မလား "

" ဟုတ်.."

" ကိုယ်ချိုးပေမယ် လာ.."

" ဟင်! ရ.. ရပါတယ် "

Min ကသာပြောနေတာ Jeon ကတော့ဖြင့် သူ့အပေါ်ဝတ်ကိုချွတ်ပြစ်လိုက်ပြီ။ အောက်ကဘောင်းဘီကိုပါ ချွတ်ပြစ်လိုက်ပြီး အတွင်းခံကိုပါချွတ်ပြစ်ဖို့ပြင်နေသည့် Jeon ကို Min မျက်တောင်မခတ်ပဲကြည့်နေမိ၏။

" ဒါကိုတော့ ရေချိုးဆောင်ထဲ ရောက်မှပဲချွတ်လိုက်တော့မယ် "

Royal Omega Become My Mate [Completed] Where stories live. Discover now