လွန်ခဲ့သော 2နှစ်...
"မေမေသား ဆေးကျောင်းတက်ဖို့ ဆုံးဖြတ်လိုက်ပြီ""ကောင်းတာပေါ့ သားသားရဲ့ မေမေ့သားလေးဖြစ်ချင်တာကိုမေမေကလိုက်လျောပေးမှာ နောက်တစ်ပတ်ဆိုရင်ပဲ ဖွင့်တော့မှာမလား သားသားလိုအပ်တာတွေ ပြင်ဆင်တော့လေ"
ယူဂျင်း၏မိခင်မှာ ခင်ပွန်းဖြစ်သူဆုံးပါးသွားသည့်အချိန်က စ၍ သူ့ဘဝ၌ တစ်ဦးတည်းသော သားဖြစ်သူလေးအား မျက်နှာမငယ်ရအောင် တင့်တောင့်တင့်တယ် ထားပေးခဲ့သည်။ကလေးဖြစ်သူမှာလဲ လိမ္မာရေးခြားရှိလွန်းသူဖြစ်တာကြောင့် လူအများကချီးကျူးကြသည်။
"ဟုတ်ကဲ့မေမေ သားမနက်ဖြန် အိုလီနဲ့တူတူစာအုပ်တွေ သွားဝယ်မလို့"
"ဟုတ်ပါပြီ မေမေ့ကလေးလေးရယ် အာ့ဆိုအိမ်မှာနေခဲ့အုံးနော် မေမေအလုပ်ကိစ္စအရေးကြီးလို့ ခဏသွားဦးမယ် "
"ဟုတ်မေမေ ဂရုစိုက်သွားပါ"
မေမေအပြင်ထွက်သွားပြီးနောက်ယူဂျင်းလည်းကိုယ့်အခန်းကို ပြန်လာခဲ့လိုက်တယ်။အိမ်ယာပေါ်သို့ ပြစ်လှဲချလိုက်ပြီး phကို ယူလျှက် အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်မရှိသော အိုလီ ထံသို့ phဆက်လိုက်သည်။
"Hello အိုလီ"
"အမယ်လေး.....ငါ့ရဲ့ သူငယ်ချင်းလေး လွမ်းနေတာ အများကြီး..."
"ㅋㅋㅋငါရောပဲလေ ဒါနဲ့နေဦး ပြောစရာရှိတယ် ဆေးကျောင်းတွေပြန်ဖွင့်တော့မှာလေ ငါတို့ကအခုမှ စတက်မှာဆိုတော့ စာအုပ်တွေဘာတွေ သွားဝယ်ထားရအောင်"
"ဘယ်နေ့လောက်သွားဝယ်ချင်လဲပြောလေအချစ်လေး"
"တော်တော်နောက်တဲ့ကောင် မနက်ဖြန် လောက်သွားဝယ်မလားလို့"
"သွားမယ် ငါလာခေါ်လိုက်မယ်နော်"
"အေးအေး ဒါဘဲနော် အိုလီ"
"နေပါဦး ဇွတ်ဘဲ ငါလဲပြောပါရစေဦး"
"ㅋㅋငါအိပ်ချင်နေလို့ပါ sryသူငယ်ချင်းလေး"
"ငါ့အမေကပြောတယ် ဒီနှစ်ဆေးရုံအုပ်ပြောင်းတယ်တဲ့ ဘယ်လိုတွေလာဦးမလဲမသိဘူး"
"ငါတို့ကပထမနှစ် ခုမှစတက်မှာ ငါတို့လိုလူတွေရှိဦးမှာဘဲ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဘယ်သူပဲပြောင်းပြောင်း အကောင်းဆုံးကြိုးစားကြတာပေါ့"
YOU ARE READING
So Nervous (Gyujin)
Romansa"ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ ချစ်ကြည့်ဖို့မကြိုးစားပါနဲ့ ဘာလုပ်မိမလဲ အာမမခံဘူး" "ကိုကိုသိပ်စိတ်ပျက်စရာကောင်းတဲ့သူပဲ"