Part - 1 ( Z+ U )

20 5 0
                                    

Unicode


                   '' မိုးရေထဲမှာတွေ့ဆုံခြင်း  ''

တိမ်စိုင်ငယ်များစုစည်းရာ ကောင်းကင်ငယ်ဟာ ယခုတွင်တော့ အုံ့မှိုင်းစွာ။ ဖြတ်သန်းနေတဲ့လေအေးများကလဲ မကြာခင်မှာသည်းထန်စွာရွာသွန်းမည့်မိုးအားဖော်ပြနေသလို။

ကားမှတ်တိုင်တွင်လဲ လိုရာခရီးရောက်ဖို့အတွက်စုဝေးနေကြတဲ့
လူအနည်းငယ်လဲရှိပေသည်။ ထိုလူများထဲတွင်သူလဲအပါအဝင်ပေါ့။ အိမ်နှင့်ကျောင်းကဘယ်လောက်မှမဝေးသည်မို့ အရင်နှစ်တွေက ေကျာင်းသွားချိန်ဆို လမ်းလျှောက်၍သာသွားတက်သည်။
ဒီနှစ်မိုးရာသီတွင်တော့မတူစွာပဲ ကားစီး၍သာသွားရတော့မည်။ ဘယ်လောက်မှမစောင့်လိုက်ရပဲ မိုးမရွာခင်အတွင်း ကားရောက်လာခဲ့သည်။ ေအးအေးဆေးဆေးနေတက်သူပီပီ အနောက်ဆုံးခုံက ထောင့်ကျကျတစ်နေရာမှာပဲ ဝင်ထိုင်ဖြစ်ခဲ့သည်။ ပြတင်းပေါက်ဘက်မျက်နှာမူလျှက် နားကျပ်တပ်ရင်း ခပ်အေးအေးသီချင်းတစ်ပုဒ်နားထောင်ရင်းသာ ကျောင်းရောက်တဲ့အထိလိုက်ပါလာခဲ့၏။

ကျောင်းနဲ့သိပ်မဝေးတာမို့ ၁၀မိနစ်လောက်ခရီးနှင်လာပြီးချိန်၌
ဦးတည်ရာ ပေကျင်းအထက်တန်းကျောင်းသို့ ရောက်ခဲ့လေသည်။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူကျောင်းပေါက်ဝ ရောက်ရောက်ချင်း မိုးကစရွာလာခဲ့သည်။ ပထမဆုံးကျောင်းတွေပြန်ဖွင့်တဲ့ရက်ဖြစ်တာကြောင့် အလောတကြီးထွက်လာခဲ့တာ ထီးအားမေ့ကျန်ခဲ့သည်။ ကျူးကျစ်ရှင်း ကိုယ့်အဖြစ်ကိုယ်တွေးရင်း ရီရခက် ငိုရခက်ပင်။ မထူးတော့မဲ့အတူတူ လွယ်အိတ်ကို အကာကွယ်ယူရင်း ခေါင်းပေါ်တင်ကာ ပြေးလာလိုက်တော့သည်။ ပြေးလာခဲ့တဲ့အတောတွင်းလဲ ဟိုကြည့်ဒီကြည့်နှင့်စူးစမ်းခဲ့သေးသည်။

တစ်စိတ်္...စက်ဘီးထားတဲ့နားမှာရပ်နေတဲ့တစ်ယောက်က ဘယ်သူမှမရှိတော့တာတောင် အဲ့တိုင်းကြီးရပ်နေတုန်းလား?

ထိုတစ်ယောက်မှာလဲ ထီးပါမဲ့ပုံမပေါ်ပေ စက်ဘီးထားရာ နေရာ၌
အမိုးအကာတွေရှိနေလို့သာ ထိုလူမိုးမစိုခြင်းပင်။ ပြေးနေရင်းထိုလူ့စီအကြည့်တစ်ချက်ရောက်လိုက်စဥ်မှာပဲ ထိုလူသည်လဲ သူ့အားပြန်ကြည့်နေခဲ့သည်။ ကျောင်းတက်ခေါင်းလောင်းလဲ ထိုးနေပြီမို့ ထိုလူအား စက္ကန့်စာလောက်သာတစ်ချက်ကြည့်ပြီး မြန်နိုင်သမျှမြန်အောင်ပြေးရတော့သည်။

You've reached the end of published parts.

⏰ Last updated: Jun 06 ⏰

Add this story to your Library to get notified about new parts!

Behind You Where stories live. Discover now