၁၁/၂/၂၀၁၇ (စနေနေ့)
ပိုင်မြတ်ဘုန်းသွင် ယနေ့မနက် နွယ်နိုင်း မနိုးခင် အိပ်ရာစောစော ထကာ အပြင်ထွက်လာလိုက်သည်။ သာမန် အပြင်ထွက်တယ် ဆိုတာထက် လွန်ခဲ့သည့် နှစ်ရက်က မာန့်ကို အကူအညီတောင်းတာ ဝယ်ခိုင်းထားသည့် ပစ္စည်းကို သွားယူတာဆိုလျှင် ပိုမှန်လိမ့်မည်။ နွယ်နိုင်း မနိုးခင် အိပ်ရာထကာ လာခဲ့သည်မို့ ထုံးစံအတိုင်း အအိပ်မက်တတ်သည့် အိမ်ပိုင်ရှင်က နိုးနေသေးပုံ မရသေး။ ဖုန်းလည်း ခေါ်မရသည်မို့ ဘဲလ်ကို အဆက်မပြတ် တီးကာမှ ကျေးဇူးရှင်က အိပ်ချင်မူးတူးဖြင့် ခြံဝ ပြေးထွက်လာကာ တံခါးဖွင့်ပေးသည်။
"မနက်စောစောစီးစီး ဘာလဲ ဘုန်းသွင်ရာ။"
သူ့အမေးစကားကို အဖြေပြန်မပေးခင် မာန့်မျက်နှာကို ဦးဆုံး အကဲခတ်မိသည်။ လှိုင်း သူ့အနား မရှိတော့တာ တစ်လပင် ပြည့်တော့မှာမို့လားတော့ မပြောတတ် ... မာန့်ကို ကြည့်ရတာ ပုံမှန်ပြန်ဖြစ်လာသည်။
"ငါ ဟိုနေ့က မင်းကို ဝယ်ခိုင်းထားတာ လာယူတာ။"
"အဲ့တာများ နောက်မှ အေးဆေး ယူတာမဟုတ်ဘူးကွာ။ ငါ အိပ်ရေးမဝသေးဘူး ဟိတ်ရောင်ရ ..."
"အေးပါ ..ငါ မင်းကို နှိုးသလို ဖြစ်သွားတာ ဆောရီးပဲကွာ။ ငါ ချာတိတ်ကို surprise တိုက်ချင်လို့ သူ မနိုးခင် ထွက်လာလိုက်ရတာ။"
"လာ အိမ်ထဲ ဝင်ဦး။"
အိမ်ထဲသို့ မျက်မှောင်ကြုတ်ကာ ဝင်စေသူအား ဘုန်းသွင် တစ်ချက် လှမ်းကြည့်လိုက်မိသည်။ မာန်တစ်ယောက် အိပ်မှုန်စုံမွှားနှင့် သေချာ အသိကပ်သေးပုံ မပေါ်သည်မို့ သတိရနေသင့်သည့် တစ်စုံတစ်ရာကိုလည်း သူ လုံးလုံးလျားလျား မေ့လျော့နေသည့်ဟန်။
"ခဏ ထိုင်ဦး။ ငါ သွားယူပေးမယ်။"
ဧည့်ခန်း၌ ထိုင်စေကာ အိမ်ပေါ်ထပ်သို့ အပြေးတက်သွားသူကြောင့် ဘုန်းသွင် ဘာရယ် မဟုတ် ၊ အိမ်ထဲ ပတ်ပတ်လည် စူးစမ်းကြည့်မိတော့ ကြယ်ပန်းများ ထိုးထားသည့် ပန်းအိုးလေးကို တွေ့ရသည်။ ပန်းအိုးလေးနောက်တွင်တော့ ကောင်လေးတစ်ယောက်၏ ဓာတ်ပုံကို သေချာဘောင်ခတ်ကာ နံရံ၌ ချိတ်ဆွဲထားသည်။ ဓာတ်ပုံထဲရှိ အပြုံးမျက်နှာလေးနှင့် ကောင်လေး၏ မျက်နှာက ကြည်စင်နေ၏ ... လှိုင်းသံစဉ်ဟူသည် မြင်သူတိုင်းအတွက် အေးချမ်းရာလေးပါပဲ။
YOU ARE READING
ကြယ်ကြွေကောင်းကင် { Complete }