~မချစ်တဲ့ဒုက္ခ~
{သို့}
(ခင်ဗျားကြောင့်ရူးပြီ)
အပိုင်း(၂၀)
ဝါထင်ထားတဲ့အတိုင်း မနေ့က သူနဲ့စကားလက်ဆုံကျနေခဲ့တဲ့ အမျိုးသမီးက သူ့ရည်းစားဟောင်းဘဲတဲ့.....
စင်ဒီပြောပြတာကတော့ အဲဒီ့အမျိုးသမီးနာမည်က ယဥ်နွဲ့ခင်.... သူနဲ့လက်ထပ်ဖို့အထိကိုချစ်ခဲ့ကြတဲ့သူတဲ့....သူတို့နှစ်ယောက် လမ်းခွဲကြပြီးတဲ့နောက်မှာ အဲဒီ့အမျိုးသမီးကိုအရွဲ့တိုက်ပြီး ရည်းစားတွေမှိုလိုပေါက်အောင် ထားခဲ့တာတဲ့လေ......
ပြန်တွေ့ကြတော့ သူကရွှန်းလဲ့နေတဲ့မျက်လုံးတွေနဲ့ အဲဒီ့အမျိုးသမီးကိုကြည့်နေလိုက်တာ....သူတကယ်ချစ်ခဲ့တာဘဲ....
ဝါခြံထဲက ဒန်းစင်ပေါ်ထိုင်ရင်း တွေးနေမိသည်။ မနေ့ကညကနေ ဒီကနေ့ညနေအထိ ဒီအကြောင်းတွေဘဲထိုင်တွေးနေမိတာဘာကြောင့်ပါလိမ့်..ဝါ တစ်ခါမှလူတစ်ယောက်အကြောင်းကိုအခုလိုမျိုးမတွေးဖူးပါဘူး.....
ကင်းမဲ့ စက်ရုံကပြန်လာလို့ ကားရပ်ပြီး အိမ်ထဲဝင်လာသည့်တိုင် သူမက သူပြန်လာသည်ကိုကြည့်တောင်မကြည့်ဘဲ တခြားတစ်ဖက်ကိုငေးကာ နေလေ၏။
"ဘာတွေငေးနေတာလည်း....ဘာလဲ ခင်ဗျားရွာက သာဂိတို့ ချက်ကြီးတို့ကိုလွမ်းနေတာလား ခင်ဗျားလင်ကကျုပ်နော်...."
ဝါအတွေးစကိုဖြတ်ရင်း သူ့ကိုလှည့်ကြည့်ကာမျက်စောင်းထိုးပစ်လိုက်၍...
"ဟွန့် ......နောက်တစ်ခါလေ ရပ်ကွက်ထိပ်က ဂေါပကလူကြီးတွေဆီကနေ ငါမိုက်နဲ့လော်ငှားပေးမယ် သိလား..."
"ဘာလုပ်ဖို့လည်း "
"တလင်လင်နဲ့ နင်ထိုင်အော်နေရအောင်လို့လေ"
"ဘာ..ခင်ဗျားတော့လုပ်လိုက်ရ နာတော့မယ်"
"အံမာ ထိရဲထိကြည့်လိုက်လေ မယ်ဝါတဲ့တစ်ဝါတည်းရှိတယ်နော်....."
"ဒီမှာ ခင်ဗျား ကျုပ်ပြောရင် ဘာလို့ပြန်ပြန်ပြောနေတာလည်း..."
"ဟွန့် နင်ကအရင်လာစတာမဟုတ်ဘူးလား...."
"ဒါက ခင်ဗျားကငေးနေတာကိုး....နေစမ်းပါဦး ခင်ဗျားမျက်နှာကြည့်ရတာ တစ်ခုခုများဖြစ်နေသလား....ဘာအလိုမကျဖြစ်နေတာလည်း . .."
YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...