ကားပေါ်ကဆင်းတာနဲ့မျက်စောင်းထိုးကာအခန်းထဲဝင်ဖို့ပြင်နေတဲ့ဇနီးကိုကြည့်ရင်း လီနိုအသဲယားလာသည်။ဒီမိန်းမက ဘာသဘောလဲ ။သူမအခန်းထဲမဝင်ခင် လက်ကောက်ဝတ်ကိုမိမိရရဆွဲကိုင်လိုက်ပြီး မိမိအခန်းထဲသို့တွန်းထည့်လိုက်ကာ တံခါးပိတ်ပြီးမှ မကျေနပ်တာကိုဖြေရှင်းရန် စကားစလိုက်မိသည်။
"မင်းတရားလွန်တယ် မထင်ဘူးလား ရူဘီ"
"ဘာကိုလွန်ရမှာလဲ ကျွန်မလည်းခေါင်းပါတယ်လေ ကျွန်မဦးနှောက်နဲ့ကျွန်မဆုံးဖြတ်တာရှင်နဲ့ဘာဆိုင်လဲ"
"ဘာပြောတယ် ရူဘီ ငါကမင်းအိမ်ထောင်ဖက်ဆိုတာရော မင်းသတိရသေးရဲ့လား"
"ဘာလဲ ရှင်က အာဏာပါဝါပြချင်တာမျိုးလား လီနို"
အခန်းတံခါးပိတ်ပြီး စကားများကြသော်လည်း ဒေါသအလျောက်လျှံထွက်လာတဲ့ စကားသံတွေဟာ အပြင်သို့ကြားရန်လုံလောက်သည်။
မာမားနဲ့မာမီဟာအမြဲအားပြိုင်နေကြတာ။နှစ်ယောက်စလုံးက ဦးနှောက်နဲ့အာရုံကြော အထူးကုဆရာဝန်ကြီးတွေဖြစ်ပြီး ပညာတော်ကြသော်လည်း အမြဲရန်သတ်နေကြသည်။အကြောင်းအရင်းက မာမားရဲ့အလျော့မပေးလိုမှုပါပဲ။မာမီက အလုပ်မှာဖြစ်သမျှကို အလုပ်မှာထားနိုင်ပေမဲ့ မာမားကမရပါ။အိမ်အထိသယ်လာပြီး အိမ်မှာဆက်လက်စကားစစ်ထိုးသည်။
အသက်တွေဟာ လေးဆယ်စွန်းနေသော်လည်း အရွယ်နဲ့မမျှ နုပျိုလွန်းလှသော မိဘနှစ်ပါးကို အယ်နို စိတ်မချနိုင်။
အမြဲရန်ဖြစ်နေလို့ မာမီဟာ မာမားကိုစိတ်ကုန်ပြီးတခြားမိန်းမနောက်ပါသွားမလားစိုးရိမ်ရသလို အရမ်းချောလှနေတဲ့ မာမားကိုလည်း တခြားလူလာချိုင်မှာကြောက်ရသည်။
အခုတော့ အခန်းထဲ စကားများနေတဲ့မိဘတွေကို ဂရုမစိုက်အားဘဲ ညီမလေး လီရာ ကိုဖက်ထားပေးဖြစ်သည်။
"ကိုကို မာမားနဲ့မာမီကအမြဲရန်ဖြစ်နေကြတာပဲနော်"
"ဘာမှမဖြစ်ပါဘူး ညီမလေးရယ် အဆင်ပြေသွားမှာပါ ဒါကပုံမှန်လိုပဲဆိုတာညီမလေးသိတယ်မလား"
"ညီမလေးကြောက်တယ်ကိုကို မာမားတို့ တကယ်ကြီးလမ်းခွဲကြရင် ညီမလေး အသက်ဆက်ရှင်နိုင်မယ်မထင်ဘူး"
YOU ARE READING
A 𝚃𝚄𝙶 𝙾𝙵 𝚆𝙰𝚁
Fanficလွန်ကြိုးဆိုတာလည်း လူနှစ်ဦးကြားကနေ တစ်မျိုးလေးဆက်သွယ်ထားပေးတဲ့ တံတားတစ်ခုပဲ.....ပြိုင်ပွဲဆိုရင်တောင်မှပေါ့ (𝚜𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝙹𝙻)