သမီးငယ်လေးရဲ့ဆန္ဒအလျောက် သူမ သွားချင်တဲ့ ပြင်သစ်ကို မိသားစုလိုက်ရောက်ရှိခဲ့ကြတယ်။
"ဝါး အီဖယ်မျှော်စင်ကြီးက ဒီလိုအနီးကပ်မြင်လိုက်ရတော့ ပိုပြီးလှသလို အကြီးကြီးပဲနော်ကိုကို"
အယ်နို ညီမလေးကိုပြုံးပြလိုက်မိသည်။သူများတွေ ၁၇ နှစ်မှာ အပျိုလုပ်ရည်းစားထားနေပြီဖြစ်သော်လည်း လီရာ မှာကလေးစိတ်မကုန်သေး။
အယ်နို ဟာလီရာထက်သုံးနှစ်ကြီးသည်။ထို့ကြောင့် အစစ အရာရာ ညီမလေးအပေါ်ငဲ့ညှာထောက်ထားကာ အလိုလိုက်သည်။
"ရေခဲမုန့်စားကြမလား ညီမလေး"
"ဟုတ် ကိုကို"
လီရာ လေးကိုရေခဲမုန့်ဆိုင်ခေါ်သွားလိုက်ပြီး သူမစားချင်တဲ့ ချောကလက်အရသာ ရေခဲမုန့်ကိုဝယ်ပေးလိုက်သည်။လီရာ ဟာရေခဲမုန့်စားရင်းခုန်ပေါက်နေသည်။
မာမီနဲ့ မာမားလား? အင်း အေးအေးလူလူထိုင်လို့ရတဲ့ကော်ဖီဆိုင်တစ်ခုခုမှာ စကားနိုင်လုနေမှာပေါ့ဗျာ။
.......
အမေရိကာနိုကို တစ်ငုံငုံကာ ရှေ့က ခြေချိတ်ထိုင်နေတဲ့ ဇနီးသည်ကို လီနို ကြည့်လိုက်ပြီး
"ဟန်းဂု ပြန်ရင် Case တစ်ခုရှိတယ် အဲ့တာ ဦးနှောက်ပင်မသွေးကြောကို အစားထိုးဆက်ရမှာ ကိုယ်တာဝန်ယူလုပ်လိုက်မယ် ရူဘီ"
ခြေချိတ်လက်ပိုက်ထိုင်နေသည့်အပြင် မျက်နှာကိုပါလှလှပပ မဲ့ပြပြီး
"ဘာလဲ ရှင်သိပ်တော်ကြောင်း တတ်ကြောင်းပြချင်ပြန်တာလားလီနို""မဟုတ်ဘူး ရူဘီ ကိုယ်ကမင်းကိုမပင်ပန်းစေချင်လို့ အဲ့ Case က major ကြီးဆိုတာမင်းလည်းသဘောပေါက်မှာပါ"
"ရှင်နဲ့ကျွန်မက Batch တစ်ခုပဲကွာတာနော် အရမ်းကို ဝါရင့်သဘာရင့် စီနီယာကြီးလို ဩဝါဒလာမပေးနဲ့"
"ကိုယ်ကတကယ်စေတနာနဲ့ပြောတာ မင်းဘာလို့မမြင်ရတာလဲ"
"ကျွန်မကတော့ရှင် ကျွန်မကို ချောင်ထိုးချင်တာလို့ပဲမြင်တယ် ကျွန်မကို ဆေးရုံအုပ်ကတာဝန်ယူစေချင်တာလေ လီနိုမန်နိုဘန် ဆိုပြီး နာမည်နဲ့တကွရှင့်ကိုခိုင်းတာမှမဟုတ်တာ"
YOU ARE READING
A 𝚃𝚄𝙶 𝙾𝙵 𝚆𝙰𝚁
Fanficလွန်ကြိုးဆိုတာလည်း လူနှစ်ဦးကြားကနေ တစ်မျိုးလေးဆက်သွယ်ထားပေးတဲ့ တံတားတစ်ခုပဲ.....ပြိုင်ပွဲဆိုရင်တောင်မှပေါ့ (𝚜𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝙹𝙻)