၉၂၆။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ပထမပုံစံ(၂)
မယ်တော်, ဒါဆို ခမည်းတော်ကို ဒီ မြန်မြန် လာခိုင်းလိုက်ပါလား, တော်ကြာ သားတော် သေမတတ် ခံစားရလိမ့်မယ်။
မိဖုရားကြီးက နာကျင်စွာ လေ့ဖန်ကို ကြည့်လျက် ခေါင်းညိတ်ပြသည်။
ရှုံးဘတို့ အုပ်စုက လေးစားလိုက်နာသောအားဖြင့် နန်းတော်အဆောင်မှာ အနားယူလိုက်ကြသည်။ တခြားပြဿနာများမှာ သူတို့ မပါဝင်မပတ်သက်လိုကြချေ။ ခဏအကြာမှာ ဂျန်ဝုရှီက အခန်းတစ်ခုထဲ ဝင်သွားပြီး တံခါး သေချာပိတ်ထားလိုက်သည်။ ရှုံးဘက သူမအား မှားယွင်းစွပ်စွဲမိသဖြင့် အားနာသွားပြီး သူမကို မနှောင့်ယှက်တော့ပေ။
ရှုံးဘကို မသိစေဘဲ, ဂျန်ဝုရှီက အခန်းထဲ ဝင်ပြီးနောက် ချက်ချင်းပင် ပြူတင်းပေါက်ကို အသာအယာ ဖွင့်လိုက်သည်။ ပြူတင်းပေါက်အပြင်ဘက်တွင် ယဲ့ရှက သူမကို စောင့်ဆိုင်းနေသည်။ သူက ဓားကို ဆုပ်ကိုင်ထားသည်။ ၎င်းဓားက လေ့ဖန်ကို ဒဏ်ရာပေးလိုက်သော ဓားဖြစ်သည်။ သူက အသံမထွက်စေဘဲ အခန်းထဲသို့ ဝင်လာကာ ဂျန်ဝုရှီရှေ့တွင် ဒူးထောက်ခစားလိုက်သည်။
သခင်မလေးကို သတင်းပို့ပါတယ်၊ မိဖုရားကြီးနန်းဆောင်ကနေ လူတစ်ယောက် ထွက်ခွာသွားပါတယ်၊ အမတ်ချုပ်ကြီး အိမ်ကို သွားတာပါ။
အိုး ဂျန်ဝုရှီ မျက်မှောင်ကြုတ်လိုက်သည်။
သူ လှုပ်ရှားတာ အတော်မြန်သားပဲ။
ယဲ့ရှက ဆက်ပြောသည် ဘုရင်ကြီးက နေ့တစ်ဝက်ပဲ အချိန်ပေးထားတာမို့ မိဖုရားကြီးက ခဏလေးတောင် မကြန့်ကြာရဲဘူး။
ဂျန်ဝုရှီက အေးအေးဆေးဆေး တစ်ဖက်သို့ လျှောက်လှမ်းသွားပြီး ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီးနောက် ပြောသည် ငါတို့ စောင့်ကြည့်ရုံ စောင့်ကြကြသေးတာပေါ့၊ မီးတိုင်းပြည်ရဲ့ နန်းတွင်းက ကနေ့ ဘယ်လိုနည်းနဲ့ မဆို ငြိမ်သက်အေးဆေးဖို့ ကံဇာတာ မပါတော့ဘူး။
ဟုတ်ကဲ့ပါ။
ထို့နောက် ဂျန်ဝုရှီ ပြောလိုက်သည် နင် လေ့ချန်ဆီ သွား ပြောလိုက်, သူ အခု လှုပ်ရှားတော့လို့။