မာမီ့ကို အမှန်မပြောချင်လို့ သာစကားလွှဲလိုက်ရတာ အခု လီရာ ကိုယ့်ရှူး ကိုယ်ပက်နေပြီ။
"သမီး မာမီမေးနေတာကြားလား ဘာအရုပ်လိုချင်တာလဲလို့"
"ကြား ကြားပါတယ်မာမီရဲ့ ဟို ဟိုဟာ ဝူဒီ အရုပ်ပါ မာမီသိတယ်မလား Toy Story ကားထဲက နယ်မြေမှုး ဝူဒီလေ"
"အဲ့အရုပ်က ရှားလို့လား မာမီ့အထင်တော့ပေါနေမယ်ထင်တာပဲ"
"အဲ့အရုပ်ကမရှားဘူး မာမီ သမီးလိုချင်တဲ့ ဗားရှင်းကသာရှားနေတာ သူကသစ်သားနဲ့သေသေချာချာလေးလုပ်ထားတာ ပြီးတော့အသံလည်းမြည်တယ်လေ"
"ဟုတ်လား ဒါဆိုလည်း ဝယ်ကြတာပေါ့"
တကယ်က လီရာ လျှောက်ပြောလိုက်တာ။မာမီက မာမားလိုမဟုတ် အမြဲချစ်ခင်ကြောင်းပြသတတ်တဲ့လူမျိုး။ မာမီ့ဆီကနေလည်း လီရာ ချစ်ခြင်းကိုပဲလိုချင်တယ်။မာမီ စိတ်ဆိုးမှာလည်းကြောက်သည်။
ပထမဆုံး စဝင်လိုက်တဲ့ဆိုင်မှာတင် လီရာလိုချင်တဲ့အရုပ်က ရလာသည်။
"သမီးပြောတော့ ရှာရခက်တယ်ဆို အခုကျအလွယ်တကူပါလား"
မာမီရဲ့ တခုခုကိုစူးစမ်းရင် ကြည့်လေကြည့်ထရှိတဲ့ မျက်လုံးမျိုးကို လီရာရင်မဆိုင်ရဲ။မျက်ခုံးပါတစ်ဖက်တွန့်ပြနေသည့် မာမီကို လီရာ ရယ်ပြလိုက်ပြီး
"မာမီ ပါလာလို့ နေမှာ မာမီက လီရာ့ ရဲ့နေမင်းကြီးလေ နေရောင်ခြည်နဲ့ ဖြန့်ကျက် ရှာလိုက်တော့ တန်းတွေ့တာပေါ့"
"အတတ်မလေး"
"မာမီ့သမီးလေးပဲလေ"
သဘောကျနေတဲ့မာမီဟာ လီရာ့ဆံပင်လေးတွေကိုအသာဖွသည်။
ရယ်မောနေကြရင်မှ ဘေးက ဖြတ်သွားတဲ့မိန်းကလေးတစ်သိုက်ကို လီရာအမှတ်မထင်ကြည့်ဖြစ်လိုက်တော့ မာမီ့ကိုကြည့်နေတာများ မျက်လုံးကျွတ်ကျမတတ်။
Long coat အညိုရောင် တီရှပ်အဖြူ စတိုင်ပန်အနက် ဝတ်ထားပြီး ရှည်လျားတဲ့အရပ်နဲ့ ဆံပင်ဂုတ်ထောက်သာရှိသော ချောမောခန့်ညားနေတဲ့ မာမီဟာ မိန်းမသားရောဟုတ်ရဲ့လားလို့တွေးမိသည်အထိ အရမ်းကြည့်ကောင်းနေသည်။
YOU ARE READING
A 𝚃𝚄𝙶 𝙾𝙵 𝚆𝙰𝚁
Fanficလွန်ကြိုးဆိုတာလည်း လူနှစ်ဦးကြားကနေ တစ်မျိုးလေးဆက်သွယ်ထားပေးတဲ့ တံတားတစ်ခုပဲ.....ပြိုင်ပွဲဆိုရင်တောင်မှပေါ့ (𝚜𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝙹𝙻)