"ဟော...ဆရာလေးတောင်ရောက်လာပြီ၊ကြွပါဆရာလေးရယ် ထိုင်ပါ"
ဒေါ် ယူဟိုက ပြောရင်းဆိုရင်း ကပျာကယာ ဖျာကြမ်းတစ်ချက်ကိုခင်းလိုက်ပါသည်။
"ရပါတယ်ခင်ဗျာ "
ဂျောင်ဂု တစ်ယောက် ဒေါ် ယူဟို ကို အားနားစွာကြည့်ရင်းပြောလိုက်သည်။ ေဂျာင်ဂုထိုင်လိုက်တာနှင့်ပင် ယောကျာ်းငယ်လေးတစ်ယောက်ဆုံဆီနိုင်နိုင်နှင့်နပ်ထားသော ဟန်မျိုးရှိသည့် လက်ဖက်ပွဲ၊ရေနွေးဗန်းတစ်စုံ လာချပေးသည်။
"သူ့ကိုပြောတာလေ ဆရာလေးရဲ့၊ ဟဲ့ သားဂျီမင် ဒါသားကိုစာသင်ပေးမဲ့ ဆရာလေး ဂျွန်ဂျောင်ဂုပေါ့"
ဂျီမင်ဆိုသူ ကောင်ကလေးက ဂျောင်ဂုကိုခေါင်းညိတ်ပြုံးပြရင်းအသိအမှတ်ပြုလေသည်။ဂျောင်ဂုတစ်ယောက်ဂျီမင်နှင့်အကြည့်ချင်းဆုံမိသည့် တခဏ ရင်ထဲ တစ်လှိုက်လှိုက်ဖြစ်သွားလေသည်။
ရှက်ကိုးရှက်ကန်းနှင့်မျက်လွှာချသွားပါသော ဂျီမင်မှာ မီးဖိုခန်းထဲသို့ အသော့နှင် ပြေးဝင်သွားပါတော့သည်။ထို့အတူဂျောင်ဂုသည်လည်း လက်ဖက်နှပ်ကိုခပ်ယူစားကြည့်မိသွားသည်။ကြက်သွန်ဖြူနှင့်အတူရောထောင်းခံရသောငရုပ်သီးစပ်စပ်ကြောင့် ရေနွေးတစ်ခွက်ငှဲ့သောက်လိုက်ရပါသည်။
"သူ့အဖေကအရမ်းကို ရိုးသားကြိုးစားတဲ့သူပေါ့။တောင်ယာတွေလည်းအောင်မြင်တော့သွားလေရာမှာ မျက်နှာပွင့်နေတော့တာပေါ့ ဆရာလေးရယ်၊ ခလေးတစ်ယောက်အဖေဖြစ်နေတာတောင် ပတ်ခ်ဂွန်းဟိုကို အားကျတဲ့လူကြီးမိဘတွေကသူတို့သမီးပျိုတွေကို ဂွန်းဟို လိုလူတော်မျိုးနဲ့နည်းတူသာ ရှာဖွေလက်ဆတ်ပေးချင်ခဲ့တာအလွန်တော့ မဟုတ်ပါဘူးလေ။ ဂွန်းဟို ကလည်းနှစ်ဖက်မိဘသဘောတူထိမ်းမြားပေးခဲ့တဲ့ မင်ဆေ့ာဂျီ အပေါ်နည်းနည်းလေးမှ သစ္စာမပျက်ခဲ့ပါဘူး "
ဒေါ်ယူဟိုကြီးမှာ ေပြာရင်းနဲ့မျက်ရည်များလိမ့်ဆင်းလာခဲ့ရပါတော့သည်။
"အဲ့ဒီတစ်နေ့ပါပဲ ဆရာလေးရယ်၊ အဒေါ့်မောင်လေး ဂွန်းဟိုက ဖောက်ပြန်ခဲ့တာ မဟုတ်ပါဘူး ဆိုတာ အဒေါ်အယုံနိုင်ဆုံးဖြစ်ခဲ့ပေမယ့် ကံကြမ္မာက ရိုင်းစိုင်း အငြိုးကြီးခဲ့တာပါ။ ဂွန်းဟိုကို မနာလိုတဲ့ လုပ်ဖော်ကိုင်ဖက် ဂန်ဗြောင်ဆူ က ဂွန်းဟိုတစ်ယောက် မြို့ပေါ်မှာ တစ်အိုးတစ်အိမ် ထူထားတယ်။ရွာကနေ မြို့ပွဲရုံကိုသွားပြီ ကုန်ဖိုးငွေတွေရှင်းတိုင်း အဲဒီမိန်းမအိမ်မှာအိပ်တယ်ပေါ့၊ဒီလိုစကားမျိုးတွေနဲ့ ဆော့ဂျီကိုမကြာမကြာ သွေးထိုးလာတော့အရင့်အရင်ကဂွန်းဟိုအပေါ်ယုံကြည့်ခဲ့တဲ့ဆော့ဂျီရဲ့ အားကိုးမှုတွေကလှုပ်ပါများတော့,နဲ့လာခဲ့တာပေါ့ ဆရာလေးရယ်၊ "