Mingyu ကို အိမ်ပြန်ပို့ပေးပြီးနောက် ဆိုင်ကယ်ငှါးလာကာ ငွေတိုးချေးလုပ်ငန်းရှိသည့် တိုက်ခန်းသို့ မောင်းလာခဲ့လိုက်သည်။ အဆောက်အဦးရှေ့ ရောက်သော် ဆိုင်ကယ်ရပ်ခဲ့ပြီး ၃လွှာတွင် ရှိသည့် ရုံးခန်းထဲ ဝင်သွားလိုက်သည်။ တံခါးဖွင့်လိုက်ချိန်တွင် ထိုလုပ်ငန်း၏လက်အောက်ငယ်သားများ ထိုင်နေကြသည်။
Soonyoung ဝင်လာတော့ ခေါင်းဆောင်ဖြစ်သူက
ထလာကာ င်္အကျီကော်လံစကို လာဆွဲပြီး"ဟျောင့် Kwon Soonyoung Yang Suk (ယန်းဆော့) ဘယ်မှာလဲ"
ဟုဆွဲလားရမ်းလား လုပ်ကာလာမေးသည်။
ဒီရက်ကွက်ထဲတွင် နေလာခဲ့သမျှထဲ Yang Suk ဆိုတာ ဘယ်သူလဲ Soonyoungမသိပါ။ဒီလုပ်ငန်းကနေ အကြွေးယူထားတာ တစ်ခုဘဲ ရှိသည်။
ထိုလူလက်ကို ဖယ်ချလိုက်ကာ
"ခင်ဗျား ဘယ်သူ့ကို ပြောနေတာလဲ၊ Yang Suk ဆိုတာ ဘယ်သူလဲ ကျွန်တော်မသိဘူး စိတ်လည်း မဝင်စားဘူး ကျွန်တော် အကြွေးဆပ်ဖို့ လာတာ "
လို့ ပြောလိုက်တော့ ထိုလူက
"ဟား....ဟား...ဟား..... မင်း အကြွေးတွေ ဆပ်ပြီး
ငါတို့ လူကို ခေါ်သွားတာလေ ၊ ပြန်ထုတ်ပေး၊ ငါတို့က ခိုင်းဖို့ လိုတယ်ထင်ပြီး ထည့်ပေးလိုက်တာ ၊ အခုက ဘာသတင်းအစနမှ စုံစမ်းလို့မရဘူး"သူပြောနေတာတွေ Soonyoung တစ်ခုမှနားမလည်ပါ။သူ့အကြွေးတွေကို ဆပ်ပြီးသူတို့လူကို ခေါ်ထုတ်သွားတယ်တဲ့။ ဒီလောက်များတဲ့အကြွေးတွေကို သူတောင် မနည်းရှာနေရတာ၊ ဘယ်သူက လာဆပ်သွားတာလဲ။
ပြီးတော့ သူတို့လူကိုကော ဘယ်သူက ဘာလို့ ခေါ်သွားတာလဲ။"ခနလေး ၊ ခင်ဗျားပြောနေတာတွေ ကျွန်တော်တစ်ခုမှ နားမလည်ဘူး ၊ ဘယ်သူက ကျွန်တော့်အကြွေးတွေ
လာဆပ်သွားတာလဲ ၊ ပြီးတော့ခင်ဗျားတို့ လူကိုကော
ဘာလုပ်ဖို့ ခေါ်သွားတာလဲ""မင်းအခုမှ အရူးကွက်နင်းမနေနဲ့ ၊ မင်းတခြား ဂိုဏ်းက ကောင်နား ပိုက်ဆံချေးပြီး ငါတို့ကို လာဆပ်ခိုင်းတာမလား ၊ပြီးတော့ မင်းခေါင်းကို ရိုက်တာ မကျေနပ်လို့ခေါ်ထုတ်သွားတာ၊ ဟျောင့် Yang Suk က သူ့မိန်းမမှာ ကိုယ်ဝန်ကြီးနဲ့ကွ ၊ မသက်သာလို့သာ ငါတို့ဆီ လာလုပ်နေတာ၊ အခုသူ့မိန်းမက တဂျီဂျီ လာရှာနေတာ၊ မင်း ဖွက်ထားတာဆို ပြန်ထုတ်ပေး"
YOU ARE READING
𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️
Fanfictionချစ်ခြင်းမေတ္တာဆိုတာ လူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့ လှပတဲ့ အနုပညာလေးတစ်ခုပါ အနုပညာကို ခံစားဖို့ နူးညံ့တဲ့ နှလုံးသားတစ်စုံဘဲ လိုအပ်ပါတယ် 🤍