Part - 1

23 3 0
                                    

Unicode

မိုးသံလေးများ တဖြောက်ဖြောက်ကြားနေရသည်။

ခွန်မြတ်နော် ဖတ်လက်စစာအုပ်ကို ပိတ်ကာ စာကြည့်မျက်မှန်ပါ ချွတ်ပြီး ခေါင်းအနောက်လှန်လို့ မျက်လုံးမှိတ်ထားလိုက်၏။ ပြတင်းမှတစ်ဆင့် ဝင်လာသော လေအဝှေ့မှာ စားပွဲပေါ်က စာအုပ်လေးမှာ စာရွက်များ တဖျတ်ဖျတ်အသံပင် မြည်အောင် လန်လျက်။ မကြာခင် မိုးဖွားတွေ လွင့်စင်လာမှာစိုး၍ သူ ပြတင်းပေါက်ကို ထပိတ်လိုက်ရသည်။

လွမ်းရမည့်သူရယ်လို့လည်း မည်မည်ရရ မရှိဘဲနှင့် ရင်ဘတ်ထဲက တအုံနွေးနွေး။

ဖျတ်ခနဲ အတွေးရောက်လာသူကြောင့် ခွန်မြတ်နော် ကိုယ့်ဘာသာ ခေါင်းခါလိုက်မိသည်။

ဘာမှမဆိုင်တော့ပါဘူးလေ။ ထိုသူ့အတွက် သူဟာ ဘယ်နေရာမှာမှ အရေးပါမနေခဲ့ဘဲ။

Dee~

Vibrate လုပ်ထားသဖြင့် တီးလုံးသံမထွက်ဘဲ တုန်ခါနေသည့် ဖုန်းလေးကို ကောက်ကိုင်လိုက်၏။

“ဟယ်လို မေမေ”

“သားငယ်လေး နေကောင်းလား၊ စာမေးပွဲဖြေရတော့မယ်ဆို၊ ကျန်းမာရေးလည်း ဂရုစိုက်ဦးနော်”

“ဟုတ် မေမေ၊ ကျွန်တော် ဂရုစိုက်နေပါတယ်၊ ဒီမှာလည်း နေ့တိုင်း မိုးတွေ ရွာနေတာပဲ”

“အေးကွယ်...အမေတို့ဆီမှာဆို သည်းလွန်းလို့ လမ်းထိပ်က သစ်ပင်ကြီး လဲကျသွားသေးရဲ့”

“ဟုတ်လား အမေ၊ လမ်းသွားရင် ဂရုစိုက်နော် သစ်ကိုင်းတွေဘာတွေ”

အမေနှင့် ဖုန်းပြောလျှင် ထွေရာလေးပါး တော်ရုံစကားမပြတ်တတ်၍ ခွန်မြတ်နော် ဖုန်းကို နားနှင့်ပခုံးကြားညှပ်ရင်း ကော်ဖီဖျော်ဖို့ ပြင်လိုက်သည်။

“ဪ ဒါနဲ့...ဘေးအိမ်က အငယ်လေး ဒီကို ပြန်လာမယ်လို့ ကြားတယ် သားရဲ့၊ မှတ်မိလား မသိဘူး၊ ကိုကိုငယ်လို့ ခေါ်ကြတဲ့ ကောင်လေးလေ”

ကော်ဖီဖျော်ဖို့ ပြင်နေရင်း ဖုန်းကို လွတ်မကျသွားအောင် မနည်းညှပ်ထိန်းလိုက်ရသည်။ ၅ နှစ်လောက်နီးပါး မကြားခဲ့ရသော အမည်နာမတစ်ခုက ခွန်မြတ်နော် ရင်ကို လှိုင်းထန်သွားစေ၏။

အချစ်လှေကလေး ရွက်လွှင့်စေ || Own CreationWhere stories live. Discover now