" ကလိုရိုင်း!!!!!"
နားထဲကအသံစူးစူးကြောင့်နော့ရက်တစ်ယောက်မျက်လုံးများပွင့်လာသည်။
"အမယ် မာလင် အခုမှပဲနိုးတော့မေမေ့သမီးလေး အရေးကြီးတဲ့နေ့မှာဘာလို့ဒီလိုအကြာကြီးအိပ်တာလဲ
ကလိုရိုင်း ရယ်"အမှောင်ထုနှင့်ကောင်းကင်ပြာကြီးပေါင်းစပ်ထားတဲ့ဆံပင်နက်ပြာရောင်နဲ့အမျိုးသမီးဟာသူကိုဆူပူကြိမ်းမောင်းနေသည်။သို့သော်အသံမှာ အချစ်/မေတ္တာသံများရောစပ်နေတယ်။
(Note_အမှောင်ထုနဲ့ကောင်းကင်ပြာပေါင်းစပ်ထားတယ်ဆိုတာဒါမျိုး)
"ဟမ်ဘာကြီး"
ကြောင်တောင်တောင်နဲ့မေးလိုက်တော့သူမရှေ့ကအမျိုးသမီးကြီးကသူမပါးလေးကိုခပ်ဖွဖွဆွဲပြီး
"အိုအချစ်ကလေးရယ် ဒီနေ့
ဟော့ဝပ်ကိုကျောင်းသွားတက်ဖို့အတွက် ဒိုင်ယာဂွန်လမ်းကြားမှာ အကျီသွားတိုင်းပြီးလိုအပ်တဲ့ပစ္စည်းတွေဝယ်ရမယ်လေ သမီးအိမ်မွေးတိရစ္ဆာန်လှလှလေးဝယ်မယ်ဆို ကလိုရိုင်း""ကလိုရိုင်း? အားတော့နာပေမဲ့ကိတ်စီကိုတစ်ချက်ခေါ်ပေးပါလား "
"ကိတ်စီ? အမ်.....who"
"ကျွန်မရဲ့ညမလေးပါအခုဆေးရုံမှာမလား "
"ကလိုရိုင်းဘာကိုဆေးရုံလဲသမီးကအိမ်မှာလေ ညမလေးလဲမရှိပါဘူးတစ်ဦးတည်းသောသမီးလေ"
"ရှင်!!!!!!!တစ်ခုခုတော့မှားနေပြီထင်တယ် ကျွန်မနာမည်ကနော့ရက်ပါ နော့ရက်အယ်လ်ဖာအပြည့်စုံက ဒီကအန်တီကဘယ်သူလဲမသိဘူး"
"အန်တီက ဒေစီလာကတော့ဖက်စ်ပါ လာစမ်းကလေးမ နင်ဒီလိုပြောတော့ကိုယ့်အမေကိုပါရောသရုပ်ဆောင်ခိုင်းနေတာလား ငါ့နာမည်ကဒေစီလာကတော့ဖက်စ်နင်ကလိုရိုင်းကတော့ဖက်စ်ရဲ့အမေ"
YOU ARE READING
Don't Die Cedric (မသေပါနဲ့စစ်ဒရစ်)
Romanceငယ်ငယ်ကကိုယ်စိတ်ကူးခဲ့တာကိုအကောင်ထည်ဖော်မရလို့ ficရေးပြီးအကောင်ထည်လာဖော်တာ။ဟယ်ရီပေါ်တာကြည့်တိုင်းစစ်ဒရစ်သေရင်မျက်ရည်နဲ့မျက်ခွက်ဇာတ်ကားထဲတောင်ဝင်ပြီးကယ်လိုက်ချင်သေးလို့ခနခနပြောဖူးတယ် အခုficကတော့ systemပုံစံပါ။sweetတာရော darkတာရောပါလိမ့်မယ်။ကျန်တာသိချ...