19

590 58 6
                                    

Unicode

Rosé ဟာနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေပေမယ့် ဟိုဘက်အခန်းမှာတော့ အခြေအနေကပြောင်းပြန်ပါ။

"ဘာလဲဒါက"

Jennieဟာ Lisaသူ့ကိုလာဖက်တဲ့လက်ကို ခဏခဏရုတ်သိမ်းနေပေမယ့် Lisaကတော့ ပိုလို့သာတင်းတင်းကျပ်ကျပ် ဖက်ထားသည်။

အဖြစ်မှာ...

15 minutes ago...

Lisaဟာ ရေမိုးချိုးသန့်စင်ပြီး အခန်းထဲပြန်ဝင်လာလိုက်ကာ အဝတ်လဲတော့သည် Jennieကတော့ အိပ်ရာပေါ်မှာသာ အိပ်မပျော်ဘဲမျက်စိမှိတ်နေလျက်ရှိသည်။ ဖြစ်နိုင်တာက Lisaကို သူ့ကိုအတင်းခေါ်လာရလား ဆိုပြီး စိတ်ဆိုးနေတာဖြစ်မယ်။

Lisa ဟာ အဝတ်လဲခန်းကနေ ခန်းစီးတွေကြားက အိပ်ရာပေါ်ကခေါင်းအုံးကိုမှီနေတဲ့ Jennieကိုလှမ်းကြည့်လိုက်ပြီး တခစ်ခစ်ရယ်တော့သည်။ ဒီတခါတော့ Terryကိုမေ့ကြည့်ပြီး ချော့ဖို့တွေးထားသည်။

Lisaအဝတ်လဲပြီးတာနဲ့တပြိုင်နက် အိပ်ခန်းထဲပြန်ဝင်လာကာ အိပ်ရာပေါ်ကိုတက်လိုက်သည်။ Jenဟာလဲ အိပ်ရာဟာ နက်ဝင်သွားတာကိုခံစားမိလို့ Lisaအိပ်ရာပေါ်တက်လာတာကိုသိ၏ ကိုယ်ကလေးလည်းတုန်သွားသည်

"Ruby... Ruby"

Jenဟာ မသိချင်ယောင်ဆောင်သေးသည် မျက်လုံးပေါ်ကို လက်ဖမိုးတင်ကာ မျက်လုံးတွေကိုကာထားသည်။ မသိရင် သူတကယ်အိပ်နေတယ်ပေါ့။

"Jennie..."

"အမ်း"

နောက်ဆုံးတော့သူပြန်ဖြေပါပြီ။ အသံကတော့အေးအေးဆက်ဆက်နဲ့။

"စိတ်ဆိုးနေတုန်းလား"

"ဘာကိစ္စရှိလို့စိတ်ဆိုးရမှာလဲ"

Lisaဟာ Jennieရဲ့ဘေးကိုဝင်မှီလိုက်သည်။ Jennie ရဲ့ကိုယ်လေးနည်းနည်းတုန်သွားတာကို ခံစားမိပေမယ့် သိပ်ဂရုမစိုက်ပါ။ ပြီးရင်ဒီထက်ပိုဆိုးမှာ...။

"စိတ်ဆိုးနေတာပဲ..."

ဒီတစ်ခါတော့ Jenဘာမှပြန်မပြောပါ။ စိတ်ဆိုးတာထပ် စိတ်ကုန်တာဆိုပိုမှန်မယ်။ ဘာလို့လဲဆိုတော့ Koreaမှာတုန်းက ရန်ဖြစ်တာလက်လွန်သွားပြီး Jenကိုအနာပါပေးလိုက်တယ်မဟုတ်လား။ အခုလည်းလာခေါ်တယ်ဆိုပြီး Clubမှာပျော်နေတာကို အတင်းပြန်ခေါ်သွားတာကို

LocoWhere stories live. Discover now