သန်းခေါင်ကျော်ပြီမို့ အယ်နိုတို့ပြန်ဖို့လုပ်ရသည်။ ဟိုတယ်တူ တည်းကြတဲ့ ပြင်သစ်သားတွေဟာ အယ်နို ရဲ့ ဂီတာလက်သံကောင်းမှုကြောင့်ပြန်မလွှတ်ချင် ညလုံးပေါက်နေစေချင်ကြသည်။နေရမလား မနေရဘူးလား အယ်နို ဝေခွဲမရ လူငယ်မို့ သဘာဝအရ ရွယ်တူတွေနဲ့ပျော်ချင်သော်လည်း ညီမလေးက အိပ်ချင်နေပုံပဲ။ပြင်သစ်သားတွေကတော့ တားနေတာပဲ။
သို့သော် ချူချာတတ်တဲ့ ညီမလေးကိုပဲရွေးချယ်ကာ အခန်းပြန်ဖို့လုပ်ရသည်။
"ညီမလေး လီရာ"
"ရှင် ကိုကို"
"အိပ်ချင်မူးတူးလေးဖြစ်နေပြီပဲ လာ ကိုကိုတိုပြန်ကြမယ်"
"ညီမလေး လမ်းမလျှောက်ချင်တော့ဘူး"
"ငချွဲမလေး လာ လာ ကိုကို ကုန်းပိုး မယ်"
လီရာကိုကျော ပေါ်တင်ပြီး
"ရော့ ဂီတာကို သေချာကိုင် လွှတ်မချလိုက်နဲ့နော် ကြားလား လီရာလေး"
"ဟုတ်ကဲ့"
မာမားတော့အိပ်နေလောက်ပြီ လို့ အယ်နို ထင်တာပဲ။
"ဒေါက် ဒေါက်!!!"
"မာမား"
တံခါးကိုလည်းခေါက်ကာ ပါးစပ်ကလည်းအော်ခေါ်လိုက်သည်။
တုံ့ပြန်သံမရ။ကျော ပေါ်ကလီရာကလည်း အိပ်ပျော်လုလုဖြစ်နေပြီ။
"လီရာ သေချာကိုင်ထားနော် ကိုကိုလက်တစ်ဖက်ကိုလွှတ်မယ်"
တံခါးလက်ကိုင်ကိုလှည့်လိုက်တော့ လော့မချထား။လီရာပြန်မလာသေးလို့လော့မချထားတာလို့ပဲ အယ်နို တွေးလိုက်မိသည်။
"မာမား အိပ်နေပြီလား သား ဝင်လာပြီနော်"
တံခါးဖွင့်ပြီးဝင်လိုက်တော့ မာမားကိုမတွေ့။လီရာ့ ကို အိပ်ယာပေါ်ချပေးပြီးလက်ထဲက ဂီတာကို အယ်နို ယူလိုက်သည်။
တအားအိပ်ချင်နေရှာတဲ့ လီရာ က စောင်ကိုဆွဲခြုံပြီး အိပ်သွားသည်။ညီမလေး နှဖူးကဆံစ လေးတွေကို အယ်နိုသပ်တင်ပေးလိုက်ပြီး စောင်ကိုသေချာခြုံပေးးလိုက်သည်။
YOU ARE READING
A 𝚃𝚄𝙶 𝙾𝙵 𝚆𝙰𝚁
Fanficလွန်ကြိုးဆိုတာလည်း လူနှစ်ဦးကြားကနေ တစ်မျိုးလေးဆက်သွယ်ထားပေးတဲ့ တံတားတစ်ခုပဲ.....ပြိုင်ပွဲဆိုရင်တောင်မှပေါ့ (𝚜𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝙹𝙻)