PART-7

228 10 0
                                    


(ရှေးကသူ့ကိုထားသွားတာဒီနေ့နဲ့ဆိုနှစ်ပတ်မြောက်နေ့ပင်ရောက်ရှိလေပီ အတော်အတန်ကြာနေပြီဖြစ်တဲ့အချိန်ရောက်ပီမို့အနည်းငယ်သတိရသည် ဖုန်းဆက်ချင်နေသည့်စိတ်ကတစ်ဖွားဖွားပေါ်နေခဲ့ပေ့မယ် သေချာပေါက် ဖုန်းကွန်တတ်ကရှေးဆိုတဲ့စာကြောင်းလေးကိုကြည့်နေမိတာပင်  )

(အ‌ကြောင်းမှာ သူ့ကိုဖုန်းမဆက်ဖို့ကိုအတန်တန်မှာသွားတာမို့ပင် ဆက်ချင်တောင်တစ်လတစ်ခါပဲဆက်တဲ့လေ ရက်စပ်ရာမကျဘူးလား အကြောင်းအရင်းကတော့သူပဲသိ‌့ပေ့လိမ့်မည်)

'သားလေး။ တေးငယ် ။မနက်ကလဲမင်းမနက်စာကောင်းကောင်းမစားဘူး ။အဖွားကိုပြောစမ်း မင်းဘာဖြစ်နေသလဲ'

(ခြံရှည်ခဏထွက္ထိုင်မည်ဆိုသည့်အတွေးဖြင့်ထွက်လာလိုက်တာ ဖွားဇာရှိနေမှန်းတောင်သတိမထားမိလိုက်ပေ အခုတော့‌ေြဖရခက်တဲ့မေးခွန်းတွေကစမေးနေလေပီ)

"သား ဘာမှမဖြစ်ပါဘူး ဖွားဇာရဲ့"

'မင်းလိမ်တတ်လို့လား'

"မဟုတ်ပါဘူး ဒီတိုင်းသတိရလို့ပါ"

'သားငယ် ဒီတိုင်းဆိုတဲ့အရာမရှိဘူး ဖြစ်ပေါ်လာတဲ့အရာတိုင်းခံစားချက်တိုင်းမှာအကြောင်းရင်းရှိတယ်'

"အရင်ကဆိုနေ့တိုင်း‌ကျောင်းမှာမတွေ့ရရင်တောင် အိမ်မှာတွေ့ရတယ်လေ။အခုဟာက"

'မင်းတို့ကဘာတွေမို့လဲ။ယောကျာ်းလေးတွေကသူတို့သူငယ်ချင်းယောကျာ်းလေးတွေကိုသတိရကြတယ်လား'

(သိသာလွန်းနေသည့်အခြေအနေကိုရောက်သွားလားမသိပေ့မယ့် ဖွားဇာပြောတာကိုတွေးမိသည် သူတို့ကသူငယ်ချင်းတွေလေ ဟုတ်ပါရဲ့ သူငယ်ချင်းတွေကို)

"သားက"

'အချိန်တစ်ခုထိဖွားဇာစောင့်နေမယ်။ ဖွားဇာကမင်းကိုသိပ့်ချစ်တာမို့ မင်းရဲ့အရာရာတိုင်းကိုဖွားဇာ ချစ်တယ်'

"ကျေးဇူးတင်ပါတယ် ဖွားဇာ ။သားလဲဖွားဇာကိုချစ်ပါတယ်"

(ဖွားဇာနဲ့စကားပြောပြီးနောက် စိတ်ရှင်းအောင်အပြင်ထွက်္မယ်ဆိုပီး စဉ်းစားမိကာ သင်ဇာကိုအဖော်ဆက်သည် ကျောင်း‌လဲပိတ်တာမို့ အေးအေးဆေးဆေးဖြစ်နေမည်တော့ထင်လောက်ပါသည်)

Love Caused By Rain(Complete)Where stories live. Discover now