🧡အတိတ်မေ့ ခင်ပွန်း🧡Part 39
"ရှင် အဲ့လိုပြောမှဘဲ ကျွန်မရဲ့ ပန်းချီကားကို နောက်တစ်မျိုး အဓိပ္ပာယ်ထပ်ဖော်လို့ရမှန်းသိရတယ်..."
ဒေါ်မြင့်မိုရ်စံက ခပ်စစလေးပြုံးကာ ဦးလရောင်အား ပြောလိုက်လေသည်
သူတို့နှစ်ဦးက ပန်းချီပြခန်းရဲ့ ရုံးခန်းတွင်းရှိ ဆွဲလက်စ အပြီးသတ်ခံနီး ပန်းချီကားကို အဓိပ္ပာယ်ဖွင့်ဆိုနေကြခြင်းဖြစ်လေသည်
ဦးလရောင်ဟာ သူ့အပြုံးတွေ နှုတ်ခမ်းကိုမကူးစက်မိဖို့ရာ ကြိုးစားနေခဲ့သည်
သို့သော် သူ့ရဲ့ မျက်ဝန်းများကတော့ လွတ်လပ်စွာ ရယ်မောနေပုံရတဲ့ ဒေါ်မြင့်မိုရ်စံရဲ့ မျက်နှာနုနုလေးဆီ မထိန်းချုပ်နိုင်စွာရောက်နေခဲ့သည်
ဦးလရောင်အနေနဲ့ ဒေါ်မြင့်မိုရ်စံအား ပန်းချီပြပွဲနေ့ကစလို့ တွေ့ဖြစ်နေခဲ့တာ လပိုင်းလောက်ရှိနေပြီ
တစ်ပတ်တွင် တစ်ခါ သို့မဟုတ် နှစ်ခါ သူ့ရဲ့ ခြေလှမ်းတွေဟာ ဒီပန်းချီပြခန်းဆီသာ ဦးတည်နေမိသည်
အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းအရာများနဲ့ ပတ်သတ်လို့ သူဟာ တစ်ခွန်းမမေးခဲ့ပါ
သူအဖြေကို သိဖို့ကြောက်နေခဲ့တာလား.....ဒါမှမဟုတ် အဖြေကို သိရတဲ့အချိန် ရင်ဆိုင်ရမဲ့ နောင်တတရားကို ပိုကြောက်နေခဲ့တာလား သူဝေခွဲမရခဲ့ပါ
ဒေါ်မြင့်မိုရ်စံကလည်း သူ့အား အတိတ်က အကြောင်းအရာများနဲ့ ပတ်သတ်လို့ ဘာတစ်ခွန်းမှ မဆိုပါ
"မှောင်တော့မယ် ကိုလရောင် ရှင်ပြန်ရင် ပြန်တော့လေ...."
ဦးလရောင်ဟာ သူ့အား အပြုံးနုလေးနဲ့ နှင်နေတဲ့ အမျိုးသမီးအား ကြည့်နေမိသည်
ပြီးမှ သူဟာ အပြုံးတစ်ခုဖြင့်
"ဒါဆို ကိုယ်ပြန်တော့မယ်..."
"ကောင်းပါပြီရှင်......."
ဦးလရောင် သူအိမ်ပြန်ရောက်တော့ တစ်အိမ်လုံးနီးပါးဟာ မှောင်မည်းနေသည်
အလင်းတချို့ရဲ့ အကူအညီနဲ့ဘဲ သူ အိမ်ထဲကို မျက်မှောင်ကြုံ့ကာ ဝင်လာခဲ့သည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....