[၂၆၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။

1.8K 390 18
                                    

Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၁၂)။

ချီလင်ရောက်သွားချိန်မှာအစီအရင်ကပျောက်ကွယ်သွားပြီး သူ၏ဆန့်ထားသောလက်မှာလေကိုသာဖမ်းဆုပ်မိလိုက်သည်။

သူတစ်အောင့်ကြာကြက်သေသေနေမိပြီး သူ့မှတ်ဉာဏ်ထဲကဖီးနစ်လေး၏အားနည်းသောခွန်အားကိုသတိရသွားတော့ ရုတ်တရက်သူ့တစ်ကိုယ်လုံးဆိုးဝါးသွားကာ မြေကြီးကိုလိုက်တက်နင်းနေမိသည်။

သွားပြီ။ မြေအောက်လောကကအန္တရာယ်သိပ်များတာ။ ဖီးနစ်မျိုးနွယ်ရဲ့တစ်ဦးတည်းသောကျန်ရစ်သူကသူ့ကြောင့်ဒီလိုမျိုးအသတ်တော့မခံရလောက်ဘူးမလား။

ဟူကျို့မင်တောအုပ်အနက်ရှိုင်းဆုံးထဲကထွက်လာတော့သူဟာမြေကြီးပေါ်မှာကချေသည်ပမာခုန်ပေါက်နေတာကိုမြင်လိုက်သည်။ သူ့ပါးစပ်ထောင့်မသိမသာတွန့်သွားရကာမေးလိုက်မိသည်။
"မင်းဘာလုပ်နေတာလဲ။"

ချီလင်မှာစိတ်ပူလွန်ပြီးနှဖူးချွေးပြန်လာကာပြောလိုက်မိသည်။
"ဒီအစီအရင်ကဘာဖြစ်တာလဲ။ နင်းလို့မရပါလား။"

ဟူကျို့မင်တစ်ချက်ကြည့်ကာဖြည်းဖြည်းချင်းပြောလိုက်သည်။
"ဒီအစီအရင်ကိုငါလုပ်ထားတာ။ အကြိမ်အရေအတွက်အကန့်အသတ်ရှိတယ်။ အကြိမ်အရေအတွက်ပြည့်သွားတာနဲ့ပြိုလဲကျသွားလိမ့်မယ်။"

"အာ?" ချီလင်လုံးဝကြက်သေသေသွားမိပြီးမှစိတ်ပူလာရပြန်သည်။ သူပြောလိုက်သည်။
"သွားပြီ၊ သွားပြီ၊ နောက်တစ်ခုတည်ရအောင်။ ကိုယ်မြေအောက်လောကကိုမြန်​မြန်သွားမှဖြစ်မယ်။"

ဟူကျို့မင်မျက်မှောင်ကြုတ်ကာမေးလိုက်မိသည်။
"မင်းသေချင်လို့လား။"

ချီလင်ကစိုးရိမ်တကြီးဆိုလေသည်။
"မဟုတ်ဘူး၊ ကိုယ့်မိတ်ဆွေတစ်ယောက်လှည့်စားခံလိုက်ရတာ။ အရင်တစ်ခေါက်တုန်းကကိုယ်မင်းကိုပြောပြခဲ့တဲ့မိတ်ဆွေကသူတို့မိသားစုမှာတစ်ယောက်ထဲကျန်ရစ်သူလေ။ တစ်ခုခုဖြစ်သွားရင် ကိုယ်ဦးလေးအတွက်စိတ်မကောင်းဖြစ်ရလိမ့်မယ်၊ ကိုယ့်အဖေအတွက်စိတ်မကောင်းဖြစ်ရလိမ့်မယ်၊ ကိုယ့်...."

ဟူကျို့မင်: မင်းခုနကကြက်ပေါက်လို့ခေါ်လိုက်တာကိုငါဘာလို့ကြားလိုက်ရတာပါလိမ့်?

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now