Epi 2: Our First Kiss

2K 186 233
                                    

(🆉)

"ငါ့ အကြိုက်ဆုံး ဘောပင်လေး? ဘယ်ကိုရောက်သွားတာလဲ အား "

ကျောပိုးအိတ်ထဲတွေကော ဘောပင်အိတ်ကော လှန်လှောရှာ​ပေမဲ့ ယုန်ပုံစံ​ဘောပင်​လေးကမ​တွေ့ ။ အာ အဲ့တာ​လေးက တကယ်ကြိုက်တဲ့ဟာ​လေးကို ။ ​ဂျောင်ကုပုံတူ​လေးလုပ်ထားပါတယ်ဆိုမှ ။

ဘောပင်​ပျောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထယ်​ယောင်းမှာမျက်နှာမ​ကောင်း​တော့ ။ တမှိုင်မှိုင်တ​တွေ​တွေဖြင့် ​ကျောင်းကိုလာသည် ။

မျက်နှာ​လေးမရွှင်လန်းတဲ့ Omegaကြောင့် ဝိုင်း Crush နေကြတဲ့သူ​တွေက စိတ်ပူကာ အအေးဘူးတွေ လက်ဆောင်တွေပေးကြသည် ။

သူတို့က နှစ်သိမ့်ဖို့လည်း ​မ​မေ့​ချေ ။ 

"အသဲလေး ဘာတွေစိတ်ညစ်​နေတာလဲ "

ဂျောင်ကု၏ သူငယ်ချင်း ဂန်ဟုန်ဆော့ နဲ့ ကင်မ်ဆန်းဟွန်းက မျက်နှာမကောင်းတဲ့ အလှလေးကြောင့် အခြေအနေကိုလာမေးလျှင် Omega အလှလေးမှာ နှုတ်ခမ်းစူလျက် တိုင်ပြောသလို ပြောသည် ။

"အကြိုက်ဆုံး ဘောပင်လေးပျောက်သွားလို့ "

"ဒါများ ငါ့မှာ အများကြီးရှိတယ် ဘောပင်တွေ ကြိုက်တာရွေးလိုက် "

ဟုန်ဆော့စကားကို ဆန်းဟွန်းကလည်း ခေါင်းငြိမ့်ကာ သူတို့နှစ်ယောက်၏ ဘောပင်အိတ်ကိုယူပြီး ထယ်ယောင်းရှေ့ အကုန်သွင်ချပြသည် ။

သူဌေးသားဆိုတဲ့အတိုင်း ဈေးကြီးတဲ့ စာရေးကိရိယာတွေ Limited Pen တွေနဲ့ပြည့်​နေသည် ။ 

"မင်းတို့ဘောပင်တွေက တကယ်အကောင်းတွေပါ ဒါပေမဲ့ ငါနှမျောတဲ့စိတ်က ဖျောက်မရဘူး "

"အသဲလေး ခဏစောင့် ဟိုကောင့် အိတ်ကျန်သေးတယ် "

တစ်ယောက်တည်း ငြိမ်ငြိမ်လေး စာထိုင်လုပ်နေသည့် ဂျောင်ကုအနားပို ဟုန်ဆော့ကသွားကာ ဂျောင်ကုဘောပင်အိတ်ကို ဆွဲယူသည် ။ 

ဂျောင်ကု၏ အကြည့်စူးစူးက ဘာမှမပြောပဲရောက်လာလျှင် သွားဖြီးပြလိုက်သည့် ဟုန်ဆော့က ​ဘောပင်အိတ်ကိုလက်​နောက်ပစ်သည် ။

"အဟီး ယူသွားမယ်နော် အသဲလေးဝမ်းနည်းနေလို့ "

"စောက်လုပ်တွေရှုပ်တယ်နော် မျောက်ဓာတ်လိုက်သလိုပဲ "

My Kate My Vate {Completed}Where stories live. Discover now