ဒီဇင်ဘာလ ဖြစ်တာကြောင့် နှင်းနုနုလေးများ တဖွဲဖွဲကျနေပြီးပတ်ဝန်းကျင်တစ်ခုလုံးသည် နှင်းခဲများနှင့် ပြည့်နှက်နေလေသည်။ သစ်ပင်တို့မှာ နှင်းစက်များ တွဲလဲခိုလျက် အုံ့မှိုင်းကာ ရှိနေပြီးအေးအေးချမ်းချမ်းလေး ရှိနေသည်။
ဒီလိုအေးချမ်းလွန်းတဲ့ ရာသီဥတုတွင် Soonyoung ကတော့ရင်ထဲ ပူနေရသည်။ကိုယ်ရေးအချက်လတ်မသိဘဲ နာမည်သာသိတဲ့ သူတစ်ယောက်ကို သူရှာဖို့ မလွယ်ကူပါ။
ရတဲ့ လစာကတော့ အကြွေးဆပ်စရာမလို တော့တာကြောင့်၃ ပုံ ခွဲကာ အိမ်အတွက် လိုအပ်တာ ဝယ်ခြမ်းပေးပြီးနောက်အဖေ့ကို လစာရဲ့ တစ်ပုံကို လိုရမယ်ရ သုံးဖို့ အပ်ခဲ့လိုက်ပြီးကျန်တစ်ပုံကိုသူသုံးဖို့ ယူထားလိုက်သည်။ နောက်ကျန်တဲ့ တစ်ပုံကိုတော့ ငွေတိုးချေးသည့် သူတွေကိုမေးကာYang Suk ဆိုသည့် သူ၏ ဇနီးဖြစ်သူကို Yang Suk အလုပ်ရှင်ဟန်ဆောင်ကာ ပေးခဲ့သည်။သူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပေမယ့်
သူ့အကြွေးတွေကို ခုတုံးလုပ်ကာ ခေါ်ဆောင်သွားခြင်း
ခံရတာကြောင့် ကူညီပေးခြင်းဖြစ်သည်။ဒီရက်ပိုင်းထဲတော့ Training သွားရတာဟာ Soonyoung ရဲ့ စိတ်အေးချမ်းရာတစ်ခုဖြစ်နေသည်။ အကြောင်းကတော့ ဆိုင်ကယ်မောင်းတိုင်း နောက်ကနေ ဖက်တွယ်ထားသည့် လက်ပိုင်ရှင်လေးကြောင့် ဖြစ်သည်။Soonyoung အရှိန်လျှော့လိုက်လျှင် သူ့လက်ကလေးမှာ လက်ပြင်မှ အင်္ကျီစကိုသာ လှမ်းဆွဲထားတာကြောင့်Villa က စထွက်ကတည်းကိုက အရှိန်တင်
မောင်းနှင်မည့် အကြံအစည်ကို သူ ကြံစည်ခဲ့သည်။သို့သော် ရပ်ကွက်ထဲ ရောက်ရင်တော့ ပုံမှန်အနေအထားနှင့်သာ မောင်းပြီး Training Room ရှေ့ကို ရောက်စေသည်။
ဒီနေ့တော့ တနင်္ဂနွေနေ့ဖြစ်ပြီး Jihoon က သွားစရာ
ရှိတယ် ဆိုတာကြောင့် Training ဖျက်ထားသည်။အရင်လို Bodyguard Suit နှင့် မဟုတ်ဘဲ သက်တောင့်သက်သာ ရှိသော အဝတ်စားဝတ်လာဖို့သာပြောပြီး အသင့်စောင့်နေခိုင်းထားတာကြောင့် အိမ်ဆင်ဝင်ရှေ့တွင် ကားအသင့်ပြင်ကာ စောင့်နေလိုက်သည်။အဝတ်စားကိုတော့ သက်တောင့်သက်သာဆိုသည့်အတိုင်း ဂျင်းဘောင်းဘီအမဲရောင်အရှည်နှင့်T-shirt အဖြူရောင် လက်တို တစ်ထည်ကိုတွဲဝတ်ထားပြီး အပေါ်မှ လက်ရှည်အပါး ခဲရောင်ကိုထပ်ဝတ်ထားလိုက်သည်။
YOU ARE READING
𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️
Fanfictionချစ်ခြင်းမေတ္တာဆိုတာ လူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့ လှပတဲ့ အနုပညာလေးတစ်ခုပါ အနုပညာကို ခံစားဖို့ နူးညံ့တဲ့ နှလုံးသားတစ်စုံဘဲ လိုအပ်ပါတယ် 🤍